ဖက်ရှင်အသစ်တွေ မြင်ရမှာပါဆိုတဲ့ မြန်မာပြည်သိန်းတန်ဇနီး ဒေါက်တာဒေါ်နုန္ဒာသိန်း

Posted on - Jan 14 []

Thandar Phyoe

စာရေးသူ

မြန်မာပြည်သိန်းတန်ရဲ့ ဖက်ရှင်တွေနဲ့ပတ်သတ်လို့ အမြဲတမ်း စဉ်းစားပြီး ၀တ်ဆင်ပေးလေ့ ရှိတဲ့ မြန်မာပြည်သိန်းတန်ရဲ့ ဇနီးတေးချစ်သူကို မိုမိုလေးက ဒီနှစ်အတွက် ပြင်ဆင်ထားတဲ့ ဖက်ရှင်တွေနဲ့ ပတ်သတ်လို့ မေးမြန်းထားပါတယ်။

" ဒီနှစ်ကတော့ ခါတိုင်းထက်ပိုထူးအောင် ပြင်ဆင်ထားပါတယ်။ ပိုပြီးတော့ထူးခြားတာမြင်ရမှာပါ။ ဒီနှစ်အတွက်က အမေရိကားက ပြန်လာတာဆိုတော့ အမေရိကပစ္စည်းတွေ များပါတယ်။ ငွေကြေးကတော့ သုံးတော့သုံးရမှာပေါ့။ ဒီနှစ်တော့ ဘယ်လောက်သုံးဖြစ်မလဲဆိုတာ မပြောတော့ပါဘူး။ မနှစ်က ကုန်ကျစရိတ်ပြောလိုက်တော့ တစ်ချို့လည်း ဝေဖန်တာတွေပြန်ကြားရပါတယ်။ အဲဒါကြောင့် ဒီနှစ်တော့ အသုံးစရိတ်မပြောတော့ပါဘူး" လို့ မြန်မာပြည်သိန်းတန်ဇနီး ကပြောခဲ့ပါတယ်။

မြန်မာပြည်သိန်းတန် ဖက်ရှင်တွေနဲ့ ပတ်သတ်လို့လည်း " အန်တီကကျတော့ ကိုယ်အရမ်းကြိုက်တဲ့ အနုပညာရှင်တွေရဲ့ Show တွေဆို သွားကြည့်ဖြစ်တယ်။ အဲဒီမှာ သူတို့ ၀တ်တဲ့ အ၀တ်အစားတွေ၊ ဖက်ရှင်တွေ အသစ်အဆန်းလေးတွေ ၀တ်ရင်ကိုယ်လည်း သဘောကျတယ်။ အဲဒါကြောင့် ကိုယ်လည်း သူရဲ့ ပရိသတ်တွေ သူ့ပွဲကို လာကြည့်ရင် မျက်စိပသာဓလေးများ ဖြစ်မလား၊ ကြည်နူးသွားမလားဆိုပြီး ဖက်ရှင်လေးတွေ အသစ်အသစ်ဖြစ်အောင် ဆင်ပေးဖြစ်ပါတယ်"လို့ပြောခဲ့ပါ တယ်။

မိုမိုလေးပရိသတ်ကြီးရေ မြန်မာပြည်သိန်းတန်ကတော့ ဇနီးဖြစ်သူ စီစဉ်ပေးတဲ့ အ၀တ်အစားတွေနဲ့ ဒီနှစ်လည်း ဘယ်လိုများ သူများနဲ့ မတူတဲ့ ဒီဇိုင်းတွေနဲ့ ပွဲထွက်လာမလဲ ဆိုတာကို Myanmar Idol Season 3 မှာစောင့်မျှော်ကြည့်ရူအားပေးလိုက် ကြပါအုံးနော်....။

ဆယ်လီရူး

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။