ဟန်လေးနဲ့ ဘာမှမပတ်သတ်တော့ဘူးလို့ ကြေညာလိုက်တဲ့ အောင်လေး

Posted on - Jan 14 []

Kyu Kyue Ko

စာရေးသူ

မော်ဒယ်သရုပ်ဆောင် အောင်လေးနဲ့ ဟန်လေးတို့ဟာ ပရိသတ်တွေ အားကျရပြီး လိုက်ဖက်ညီတဲ့ စုံတွဲလေးပါ။ သူတို့နှစ်ယောက်ဟာ ကြော်ငြာတွေ၊ မဂ္ဂဇင်းတွေလဲ နှစ်ယောက်အတု အတွဲညီညီနဲ့ ရိုက်ကူးခဲ့ပြီး ယခုလထဲမှာတင် Moda Fashion မဂ္ဂဇင်းအတွက် စုံတွဲလိုက် ဓါတ်ပုံရိုက်ကူးမှုပြုလုပ်ခဲ့ပါသေးတယ်။ အထင်လွဲမှုတွေသ၀န်တိုမှုတွေကြောင့် မော်ဒယ်အောင်လေး တစ်ယောက် သူမနဲ့ ဘာမှမပတ်သတ်တော့ပါဘူး ဆိုပြီး စတင်ကြေညာခဲ့တာပါ။ အဲ့ဒီနောက် သူလမ်းခွဲရခြင်းအကြောင်းရင်းကိုလဲ သက်သေတွေနဲ့ တကွ သူ့ဖေ့စ်ဘုတ်မှာ ဖော်ပြခဲ့ပါတယ်။

မိနစ်ပိုင်းအတွင်း ပြန်ဖျက်သွားတဲ့ အောင်လေးရဲ့ သက်သေဆိုတာ

သူတို့ပြတ်သွားပြီဆိုတာကို သိစေနိုင်တဲ့ စာသားလေးကတော့ " ယနေ့ယခုကစပြီးဟန်လေး နှင့်မည်သည့်အကြောင်းကြောင်းနှင့်မျှမသက်ဆိုင်တော့ပါ " ဆိုတာပါဘဲ။ သူတို့နှစ်ယောက်လုံးရဲ့ ပရိသတ်တွေကတော့ မကွဲစေချင်ကြဘူး ပြန်စဉ်းစား ပါဆိုပြီး ကွန်မန့်တွေကနေ အကြံတွေပေးကြတယ် ၊စိတ်မကောင်းတွေဖြစ်ကြတယ်။ သူတို့နှစ်ယောက်ကတော့ တကယ်ပြတ်သားနေကြပြီ ထင်ပါတယ်။

အောင်လေးရဲ့ ကြေညာချက်

ဟန်လေးဘက်က တုန့်ပြန်လိုက်တဲ့စာသားကလဲ " လူဆိုတာ ကိုယ့်မျက်ချေး ကိုမမြင်ကျတဲ့သူတွေပါပဲ နှစ်ဦးနှစ်ဖက်လုံးမှာ အားနည်းချက် တွေရှိကျတာပဲလေ ဒါပေမဲ့ ငါ့ဖက်က အဲဒီအားနည်းချက်တွေ ဖော်ထုတ်ပီးမဖြေရှင်းတော့ဘူး လေ ဘာလို့လဲဆိုတော့ သံသရာမရှည်ချင်တော့ဘူး ကိုယ့်လိပ်ပြာကိုလုံတယ် ဒီဘဝတော့ ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ချင်တော့လို့ပါ " ဆိုပြီး ပြတ်သားနိုင်ကြောင်း ပြန်ကြေညာလိုက်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် သူတို့နှစ်ယောက်ဟာ လိုက်ဖက်ညီတဲ့ စုံတွဲလေးဖြစ်တာကြောင့် ခုလိုအခြေအနေမျိုးတွေမဖြစ်စေချင်တာအမှန်ပါဘဲ။

ဟန်လေးရဲ့ ပြတ်သားတဲ့ တုန့်ပြန်စာ

သူတို့နှစ်ယောက်ရဲ့ အတွဲညီပြီး လိုက်ဖက်တဲ့ ပုံရိပ်တစ်ချို့ကို သူတို့ရဲ့ ဖေ့စ်ဘုတ်တွေကနေ ကူးယူဖော်ပြပေးလိုက်ပါတယ်။ ပရိသတ်ချစ်တဲ့ အနုပညာလောကထဲက စုံတွဲလေးတွေ သက်ဆုံးတိုင်ပေါင်းသင်းနိုင်ကြပါစေ၊ တည်မြဲကြပါစေလို့ ဆုတောင်ပေးပါတယ်နော်။ ချစ်တဲ့ မိုမိုပရိသတ်ကြီးကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်။

KKK(momolay)
Source - Aunglay FB, Nanshweaye FB

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။