ဆယ်လီနာဂိုးမက်ဇ် စိတ်ဆန္ဒအတိုင်းပဲ ဆိုတဲ့ အမေ Mandy Teffey

Posted on - Jan 14 []

Mg Aung Kaung Zan

စာရေးသူ

ဆယ်လီနာဂိုးမက်ဇ် နဲ့ သူ့အမေ Mandy Teefey တို့နှစ်ယောက် ဂျက်စတင်ဘီဘာ နဲ့ ပတ်သက်ပြီး စိတ်သဘောထား ကွဲလွဲနေတယ် ဆိုတဲ့ ကောလဟာလတွေ ကို Mandy က ဖြေရှင်းခဲ့ပါတယ်။ Mandy Teefey က သူတို့မိသားစု မှာ ဘာတွေဖြစ်ခဲ့လဲ ဆိုတဲ့ ပြောခဲ့ပါတယ်။

"အမေ နဲ့ သမီး တိုင်းမှာ သဘောထား မတူတာဆိုတာ ရှိပါတယ်။ ကျွန်မတို့က ဆယ်လီနာ့ကို ဘဝတလျှောက်လုံး ချုပ်ချယ်ဖို့ ဆန္ဒ မရှိပါဘူး။ ကျွန်မတို့ မိသားစု အချိန် ဆိုတာ ဆုံးရှုံးခဲ့တယ်။ ဘာလို့လဲ ဆိုရင် သူ့နဲ့ တွေ့ရင် စီးပွားရေးကြောင်းပဲ ပြောနေတာလေ။ ကျွန်မတို့ အတွက် အခု အဲ့တာတွေက အရေးမကြီးဘူး။ သူငယ်ငယ်တုန်းကပဲ သူက သာမန်ကလေးတစ်ယောက် ဖြစ်တဲ့အတွက် သူနဲ့အတူ ရှိနေရတာ။" လို့ ပြောပါတယ်။

Mandy က ဆယ်လီနာ နဲ့ ဂျက်စတင်ဘီဘာ ရဲ့ Relationship နဲ့ ပတ်သက်ပြီး ဆယ်လီနာ နဲ့ ဂျက်စတင် ကို အတူပြန်တွဲတွေ့ရတာ စိတ်မကြည်ဘူး လို့ ပြောပါတယ်။"ဆယ်လီနာက ၂၅ နှစ် ရှိပြီ။ သူ့ ကျန်းမာရေးကို သူသိတယ်။ သူဘဝကို သူ ဘယ်လိုဆေးချယ်သလဲ ဆိုတာကို ကျွန်မ မထိန်းချုပ်ပါဘူး။ ဆယ်လီနာလေးက အရွယ်ရောက်ပြီ။ သူ့ကြိုက်တာ ရွေးချယ်ခွင့်ရှိတယ်။" လို့ ဆယ်လီနာ့ရဲ့ အလုပ်နဲ့ အချစ်ရေး တွေကို သူဘယ်လို မြင်လဲဆိုတာ ပြောခဲ့ပါတယ်။

ဆယ်လီနာ့ ရဲ့ ကျန်းမာရေး ခွဲစိတ်မှု နဲ့ ပတ်သက်ပြီး ဆယ်လီနာရဲ့ သတ္တိရှိမှု ကို ချီးကျူးခဲ့ပါတယ်။ "သတ္တိရှိပြီး အကြောက်အလန့် မရှိဘူး။ သူ့သတ္တိကို ကျွန်မ ချီးကျုးတယ်။ ဆယ်လီနာ ကျန်းမာပြီး သူပျော်သလို ဘဝကို ဖြတ်သန်းနိုင်ပါတယ်။" လို့ Mandy က ပြောခဲ့ပါတယ်။

Ref : hollywoodlife
Zan(Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။