ဂိုးသမားကြီးဘူဖွန်ရဲ့ အကောင်းဆုံး ၁၁ယောက်အသင်း

Posted on - Jan 14 []

Thar Lay Htet Aung

စာရေးသူ

ဘောလုံးလောကမှာ အကောင်းဆုံး ဂိုးသမားတစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတဲ့ဘူဖွန်ဟာ ကစားသမားဘ၀မှာ အကောင်းဆုံး လက်စွမ်းတွေနဲ့အတူ ပရိသတ်တွေကို လွှမ်းမိုးထားနိုင်ခဲ့သူပါ။ သူဟာ ကစားသမား ဘ၀တစ်လျှောက် ရင်ဆိုင်ခဲ့ဖူးတဲ့ ကစားသမားတွေ၊ သူ့ရဲ့အသင်းဖော်တွေနဲ့ သူ့ရဲ့အကောင်းဆုံး ၁၁ယောက်အသင်းကို ဖွဲ့စည်းခဲ့ပါတယ်။

သူ့ရဲ့အကောင်းဆုံးအသင်း ဂိုးသမားနေရာမှာတော့ သူ့ရဲ့ခေတ်ပြိုင် ဂိုးသမားကြီး ကာဆီးလက်ကို ရွေးချယ်သွားခဲ့ပြီး နောက်တန်းမှာတော့ သူရမ်၊ ကန်နဗာရို့စ်၊ မာလ်ဒီနီ၊ ကားလို့စ်တို့ကို ရွေးချယ်ခဲ့ကာ ကွင်းလယ်မှာ နက်ဗက်ဒ်၊ ဂတ်တူဆို၊ ပီယာလို၊ တိုက်စစ်မှာ မက်ဆီ၊ ရော်နယ်ဒိုကြီး၊ ဘက်ဂီယိုတို့ကို ရွေးချယ်သွားခဲ့ပါတယ်။

ဘူဖွန်ရဲ့အကောင်းဆုံး အသင်းမှာတော့ ကစားသမားဘ၀က အနားယူသွားခဲ့ပြီဖြစ်တဲ့ ကစားသမား အများစုပါဝင်ခဲ့ပြီး လက်ရှိဘောလုံးလောကမှာ ကစားနေတဲ့ ကစားသမားဆိုလို့ မက်ဆီနဲ့ ကာဆီးလက်တို့သာ ပါဝင်ခဲ့ပါတယ်။

#ထက်အောင်

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။