ဝေဖန်မှုတွေကြားကပဲ အိမ်ကွင်းမှာ ထပ်မံရှုံးနိမ့်ခဲ့တဲ့ ရီးရဲမက်ဒရစ်

Posted on - Jan 14 []

Thar Lay Htet Aung

စာရေးသူ

ရလဒ်တွေ ဆိုးရွားနေလို့ ဝေဖန်မှုတွေ ဆက်တိုက်ခံနေရတဲ့ ရီးရဲမက်ဒရစ် အသင်းဟာ မနေ့ညက အိမ်ကွင်းမှာ ကစားခဲရတဲ့ ဗီလာရီးရဲနဲ့ ပွဲစဉ်မှာလဲ ၁-၀နဲ့ ရှုံးနိမ့်ခဲ့လို့ အဆိုးဆုံး အခြေအနေကို ရောက်ရှိသွားခဲ့ပါပြီ။

ဒီပွဲစဉ်မှာ ရီးရဲမက်ဒရစ် အသင်းဟာ ရော်နယ်ဒိုနဲ့ ဂါရတ်ဘေးလ်ကို တိုက်စစ်မှာထားပြီး အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပေမယ့် ဗီလာရီးရဲကို ဂိုးတောင်မသွင်းနိုင်ခဲ့ပဲ ရှုံးနိမ့်ခဲ့တာကြောင့် အားလုံးရဲ့ ပြောစရာ ဖြစ်ခဲ့ပါတယ်။ အခုဆိုရင် ရီးရဲမက်ဒရစ် အသင်းဟာ လာလီဂါ နောက်ဆုံး၃ပွဲမှာ နိုင်ပွဲမရှိခဲ့ပဲ ဆဲလ်တာဗီဂို အသင်းနဲ့ သရေကျကာ ဘာစီလိုနာနဲ့ ဗီလာရီးရဲတို့ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ရီးရဲမက်ဒရစ် အသင်းဟာ ၁၈ပွဲကစားပြီးချိန်မှာ အဓိကပြိုင်ဘက် ဘာစီလိုနာနဲ့ ၁၆မှတ်အထိ ကွာဟခဲ့ပြီဖြစ်ရာ ချန်ပီယံမျှော်လင့်ချက် ကုန်ဆုံးသလောက် ရှိသွားပါပြီ။ ဒါ့ပြင် အသင်းရဲ့ နာမည်ကျော် ကစားသမားတွေဟာလဲ ပရိသတ်တွေသာမက မီဒီယာတွေရဲ့ ဝေဖန်ခြင်းကိုပါ ခံနေရပြီ ဖြစ်ပါတယ်။

#ထက်အောင်

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။