တူ၊ တူမတွေကို သည်းသည်းလှုပ် ချစ်တတ်တဲ့ သရုပ်ဆောင် ၅ ယောက်

Posted on - Jan 13 []

Myatsu Nyein

စာရေးသူ

သရုပ်ဆောင်တွေဟာ အလုပ်များပေမယ့် သူတို့ရဲ့အားလပ်ချိန်တွေမှာတော့ ပေါ့ပေါ့ပါးပါးနဲ့ ချစ်ခင်ရသူတွေနဲ့ ကုန်ဆုံးလေ့ရှိပါတယ်။ ဒီသရုပ်ဆောင် ၅ ယောက်ကတော့ တူ၊ တူမတွေနဲ့အတူ အဒေါ်တွေ၊ ဦးလေးတွေအဖြစ် အချိန်တွေကို ကုန်ဆုံးရတာ နှစ်သက်သူတွေပါ။

Han Ji Min

အေးဆေးတည်ငြိမ်တဲ့ ပုံစံကြောင့် ကလေးမချစ်တတ်လောက်ဘူးလို့ ထင်ရတဲ့ မင်းသမီး Han Ji Min ကတော့ သူ့ရဲ့တူ၊ တူမတွေကို သည်းသည်းလှုပ်ချစ်တတ်တဲ့သူ တစ်ယောက်ပါ။

Ma Dong Seok

အပြင်ဘက်မှာ မျက်နှာထားတည်တည်နဲ့ Ma Dong Seok ကတော့ ရုတ်တရတ်ကြည့်ရင် သူ့ရဲ့ဗလကြီးနဲ့ ကြမ်းတမ်းမယ့်ပုံလို့ ထင်ရပေမယ့် စိတ်ထားနူးညံ့သူတစ်ယောက်ပါ။ သူ့လက်မောင်းကြွက်သားတွေထက် သေးငယ်တဲ့ ကလေးလေးကို ယုယုယယထွေးပွေ့ထားတာကို ကြည့်ရင် သူ့တူ၊ တူမတွေကို ဘယ်လောက်ထိချစ်ကြောင်း သိရမှာပါ။

Kim Gun Mo

Kim Gun Mo တို့ တူဝရီးနှစ်ယောက်ရဲ့ ချစ်ခင်ရင်းနှီးမှုကတော့ ပုံမှာ အထင်းသားမြင်ရမှာပါ။

Cha Ye Ryun

မင်းသမီး Cha Ye Ryun ကတော့ သူ့ရဲ့တူမလေး Na Yool နဲ့ တွေ့ဆုံချိန်မှာ ချစ်စရာကောင်းတဲ့ အန်တီတစ်ယောက်အသွင် ပြောင်းသွားသူပါ။

Oh Na Mi

ဟာသမယ်တစ်ယောက်ဆိုတာ ခဏမေ့ထားလိုက်မယ်ဆိုရင်တော့ တူမလေးနဲ့အတူတွေ့ရတဲ့ Oh Na Mi ကို ချစ်တတ်တဲ့ အန်တီတစ်ယောက်အဖြစ်သာ မြင်ရမှာဖြစ်ပါတယ်။

Myat Su Nyein
Ref : soompi

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။