မိတ်ဆက်ပွဲမှာတင် ဘာစီပရိသတ်တွေရဲ့ အသဲနှလုံးကို သိမ်းပိုက်သွားခဲ့သူ

Posted on - Jan 14 []

Thar Lay Htet Aung

စာရေးသူ

ဘာစီလိုနာအသင်းဟာ သူတို့အသင်းရဲ့ ကစားသမားသစ် ယာရီမီနာကို အသင်းပရိသတ်တွေနဲ့ မိတ်ဆက်ပွဲ ပြုလုပ်ပေးခဲ့ပါတယ်။ မီနာဟာ ပထမဆုံး မိတ်ဆက်ပွဲမှာတင် ပရိသတ်တွေရဲ့ အသဲနှလုံးကို သိမ်းပိုက်သွားနိုင်ခဲ့ပြီး သာမန်ပရိသတ် တွေတောင် သူ့ရဲ့လုပ်ရပ်ကို သဘောကျပြီး ချီးကျူးခဲ့ကြတာပါ။

မီနာဟာ အသင်းနဲ့ ပထမဆုံး မိတ်ဆက်ပွဲမှာ ဓာတ်ပုံရိုက်နေရင်း သူနှစ်သက်တဲ့ အကနဲ့ ပရိသတ်တွေကို ဖျော်ဖြေခဲ့ပါတယ်။ ဒါ့ပြင်ပရိသတ်တွေရဲ့ အသဲနှလုံးကို သိမ်ပိုက်နိုင်ခဲ့တဲ့ လုပ်ရပ်ကတော့ မီနာဟာ ဘာစီလိုနာအသင်းရဲ့ ကွင်းထဲကို မ၀င်ခင် စည်းအစပ်နားမှာ အသင်းကို လေးစားတဲ့အနေနဲ့ ဖိနပ်နဲ့ခြေအိတ်တို့ကို ချွတ်ပြီးမှ ကွင်းထဲကို ၀င်ရောက်ခဲ့တာပါ။ ဒါကိုဘာစီလိုနာ ပရိသတ်တွေသာမက တစ်ကမ္ဘာလုံးက ပရိသတ်တွေနဲ့ မီဒီယာတွေကပါ မီနာရဲ့လုပ်ရပ်ကို ချီးကျူးခဲ့ကြပါတယ်။

အသက်၂၃နှစ်သာ ရှိသေးတဲ့ မီနာဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ပါးမီးယက် အသင်းကနေ ဘာစီလိုနာအသင်းကို ယူရို၁၁သန်းနဲ့ ပြောင်းရွှေ့ခဲ့သူပါ။ ဒါပေမယ့်သူဟာ အသင်းကို ရောက်ရှိခဲ့ပြီး ပွဲတောင်မကစား ရသေးခင်မှာပဲ အသင်းပရိသတ်တွေရဲ့ အသဲနှလုံးကို သိမ်းပိုက်သွား နိုင်ခဲ့ပါပြီ။

Everyone Is Loving What Yerry Mina Did On His First Day As Barcelona Player

#ထက်အောင်

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။