ကိုယ့်ကိုယ်ကိုယ် ဆွဲဆောင်မှုမရှိဘူးလို့ ထင်ခဲ့ဖူးတဲ့ မင်းသား Jang Dong Gun

Posted on - Jan 13 []

Myatsu Nyein

စာရေးသူ

ဒါရိုက်တာရင်လို့ လူသိများတဲ့ တောင်ကိုရီးယားမင်းသားချော Jang Dong Gun ဟာ ရုပ်သံဇာတ်လမ်းတွဲ Our Paradise နဲ့ ၁၉၉၂ ခုနှစ်က ပွဲဦးထွက်ခဲ့သူဖြစ်ပြီး ကိုရီးယားအနုပညာလောကထဲမှာ မသိသူမရှိ နာမည်ကျော်ကြားသူ ဖြစ်ပါတယ်။

ကိုရီးယားဇာတ်ကားတွေကို ဒေသတွင်းနိုင်ငံတွေမှာ နာမည်ကျော်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ မင်းသားတွေထဲမှာ တစ်ယောက်အပါအ၀င် ဖြစ်ပါတယ်။ ဒီလိုမျိုး ခန့်ညားချောမောတဲ့ မင်းသားတစ်ယောက်က တစ်ချိန်က သူ့ကိုယ်သူ ဆွဲဆောင်မှုမရှိဘူးလို့ တွေးခဲ့ဖူးပါတယ်။

အနုပညာသက်တမ်း ၂၅ နှစ်ဖြတ်သန်းပြီးချိန်မှာတော့ ကင်မရာရှေ့မှာ အခုဆိုရင် သက်သောင့်သက်သာ ဖြစ်လာပါပြီလို့ Jang ကပြောခဲ့ပါတယ်။ အခုဆိုရင် သူ့ရဲ့မျက်နှာသွင်ပြင်ဟာ အမှန်တကယ် ဆွဲဆောင်မှုရှိတယ်လို့လည်း အသိအမှတ်ပြုဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောခဲ့ပါတယ်။

သူ့ရဲ့ရုပ်ရည်နဲ့ပတ်သတ်ပြီးတော့လည်း "အခုဆိုရင် ကျွန်တော်ဟာ ခန့်ချောကြီးပါလို့ လူတိုင်းရဲ့ရှေ့မှာ ၀န်ခံဖို့ ဆုံးဖြတ်နိုင်ခဲ့ပါပြီ" လို့ မင်းသား Jang Dong Gun က အင်တာဗျူးတစ်ခုမှာ နောက်ပြောင်ထားပါသေးတယ်။

ကိုရီးယားဇာတ်လမ်းတွဲတွေကို ဟိုးအစတည်းက နှစ်ခြိုက်စွာ အားပေးခဲ့ကြတဲ့ မြန်မာပရိသတ်တွေကတော့ Jang ကို ဆည်းဆာရင်ခုန်သံ ဇာတ်လမ်းတွဲထဲက ဒါရိုက်တာရင်လို့ သတိတရနဲ့မှတ်မိနေဦးမယ်ထင်ပါတယ်။

မင်းသား Jang Dong Gun ဟာ အခုဆိုရင် အသက် ၄၅ နှစ်ရှိပြီဖြစ်ပါတယ်။ မင်းသမီး Ko So Young နဲ့ ၂၀၁၀ ခုနှစ်က လက်ထပ်ခဲ့တဲ့ Jang မှာ ကလေးနှစ်ယောက် ထွန်းကားပြီး Good Father ဖြစ်ဖို့လည်း ကြိုးစားနေသူဖြစ်ပါတယ်။
Jang Dong Gun ပရိသတ်တွေ ရှိသေးလား ?

Myat Su Nyein
Ref : koreaherald

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။