လူပျိုကြီး အပျိုကြီးဘ၀နဲ့ ပျော်နေတဲ့ ၃၀ ၊ ၄၀ ကျော် ကိုရီးယားစတားများ

Posted on - Jan 13 []

Myatsu Nyein

စာရေးသူ

ဒီ လူပျိုကြီး အပျိုကြီးတွေကတော့ တစ်ကိုယ်တည်းဘ၀နဲ့ ပျော်နေသူတွေပါ။ Dating သတင်းတွေထွက် ၊ ကွာရှင်းထားဖူးသူတွေ ပါပေမယ့် ဘ၀ကို တစ်ယောက်တည်း အေးအေးချမ်းချမ်း ဖြတ်သန်းရတာကို နှစ်ခြိုက်ကြသူတွေပါ။ ဒီ Single ကြီးတွေကို အားပါးတရ ၀န်းရံနိုင်ပါတယ်။

Han Hyo Joo (30)

Lee Jong Suk နဲ့ ပရိသတ်တွေက ship ကြပေမယ့် အပျိုကြီးဘ၀ကိုပဲ လှလှပပလေး ဖြတ်သန်းသွားမယ်လို့ ထင်ရအောင် တည်ငြိမ်သူပါ။ တည်ငြိမ်သူ အပျိုကြီး Han Hyo Joo ပရိသတ်တွေ ပျော်နေမယ်ထင်ပါတယ်။

Lee Dong Wook (35)

အရပ်ရှည်ပြီး ခန့်ညားချောမောတဲ့ လူပျိုကြီးပါ။ Goblin မှာ သေမင်းအဖြစ် ပါဝင်ထားတဲ့ သေမင်းဇာတ်ရုပ်နဲ့ နိုင်ငံတကာက ပရိသတ်တွေရဲ့ နှလုံးသားကို ကိုင်လှုပ်ခဲ့သူပါ။ ရှည်ကြာလှတဲ့ ဆက်ဆံရေးတစ်ခု ကွာရှင်းလိုက်ရတာထက် တစ်ကိုယ်တည်းဘ၀နဲ့ နေရာတာကို ပိုပြီးပျော်ရွှင်ပါတယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောပြခဲ့ဖူးပါတယ်။ Running Man က အပျိုကြီးမမ ဆောင်းဂျီဟိုနဲ့လည်း အရမ်းကို ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်ပါတယ်။

Jung Ryeo Won (35)

Kpop အဖွဲ့ Chakra မှာ ပါဝင်ခဲ့ဖူးသလို သရုပ်ဆောင်ဘ၀မှာလဲ အောင်မြင်ကျော်ကြားတဲ့ မင်းသမီးတစ်ဦးပါ။ Winner အဖွဲ့ဝင်ဟောင်း Nam Tae Hyun နဲ့ ချစ်သူတွေလို့ သတင်းတွေထွက်ခဲ့ပေမယ့် နှစ်ကြိမ်တိတိ ငြင်းဆိုထားပါတယ်။ ပရိသတ်တွေကတော့ သူ့အချစ်ရေးကို စိတ်ဝင်စားနေဆဲပါ။

Bae Doo Na (37)

ဗြိတိန်သရုပ်ဆောင် Jim Sturgess နဲ့ ၂၀၁၅ မှာ လမ်းခွဲလိုက်တဲ့ ဒီမင်းသမီးလေးကတော့ တစ်ယောက်တည်းဘ၀မှာ အသားကျသွားပြီထင်ပါတယ်။

Kim Jong Kook (41)

ဒီလူပျိုကြီးကတော့ ထူးဆန်းပါတယ်။ မင်းသမီး ယွန်အွန်ဟေးရဲ့ fanboy ဆိုတာ ကျားကြီးရဲ့ ပရိသတ်တွေသိမှာပါ။ သူနဲ့ရင်းနှီးတဲ့သူတွေပြောတာကတော့ သူက date တော့လုပ်ပါတယ်။ ဒါပေမယ့် စပါတာဂုက ဖွင့်မပြောသလို နမ်းလဲမနမ်းပါဘူးတဲ့။ သူ့မိတ်ဆွေတွေကတော့ သူ့ကို မြန်မြန်လက်ထပ်စေချင်နေကြပါပြီ။ Running Man ပရိသတ်တချို့ကလည်း ဆောင်းဂျီဟိုနဲ့ သဘောတူနေကြပြန်ပါတယ်။

Son Ye Jin (35)

Son Ye Jin ကတော့ သူ့အလုပ်ဟာ အချစ်ဦးပါပဲတဲ့။ လက်ထပ်ပြီး ကလေးမွေးတာဟာ မင်းသမီးတစ်ယောက်ကို ရင့်ရော်စေတယ်လို့ ယုံကြည်ပါတယ်တဲ့။ တစ်ကိုယ်တည်းဘ၀နဲ့ပဲပျော်နေတဲ့ Son Ye Jin လဲ တစ်နေ့လက်ထပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Park Hae Jin (34)

Park Hae Jin ကတော့ အသက် ၃၅ နှစ်ပြည့်ရင် လက်ထပ်ကြမယ်လို့ ကတိပေးထားဖူးတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ဒီနွေရာသီမှာ ပြန်ဆုံဖြစ်ရင် သူ့ကတိအတိုင်း လက်ထပ်ချင်ပါတယ်တဲ့။ ဒါပေမယ့် လူတစ်ယောက်အတွက် ၃၅ နှစ်ကျော်ပြီးမှ လက်ထပ်ဖို့ဆို ပိုခက်ခဲပါတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေထားဖူးပါတယ်။

Park Soo Ae (37)

Soo Ae ကတော့ တသီးတသန့်နေထိုင်တတ်သူ ဖြစ်ပါတယ်။ Dating နဲ့ပတ်သတ်ပြီးတော့ အသက်အရွယ်ကွာခြားချက်က သူ့အတွက် အရေးမကြီးပါဘူး။ သူ့ထက်သုံးနှစ်ငယ်သူနဲ့ Dating လုပ်ဖို့စိတ်ဝင်စားရဲ့လားလို့မေးတာကို "it would be a cool thing" လို့ ဖြေထားဖူးပါတယ်။

Jo In Sung (36)

ယဉ်ကျေးသိမ်မွေ့တဲ့ အမျိုးသမီးကို လက်ထပ်ချင်ပါတယ်ဆိုသူကတော့ တစ်ကိုယ်တည်းဘ၀နဲ့ သူငယ်ချင်းတွေနဲ့အတူ ပျော်နေသူဖြစ်ပါတယ်။ သူကတော့ လက်ထပ်ဖို့ အဆင်သင့်ပါပဲတဲ့။ အခုချိန်ထိတော့ မထူးခြားသေးပါဘူး။

Jung Woo Sung (44)

Jung Woo Sung ကတော့ ၂၀၁၁ ခုနှစ်က မင်းသမီး Lee Ji Ah နဲ့တွဲခုတ်ပြီး မကြာခင်မှာပဲ ပြတ်စဲသွားခဲ့တာ ဖြစ်ပါတယ်။ လူပျိုကြီး Jung Woo Sung ပါ။

Go Hyun Jung (46)

သူကတော့ ၂၀၀၃ ခုနှစ်က ခင်ပွန်းဟောင်းနဲ့ ကွာရှင်းပြတ်စဲထားပြီး လက်ရှိအချိန်အထိ တစ်ကိုယ်တည်းဘ၀နဲ့ ပျော်နေသူဖြစ်ပါတယ်။ Go Hyun Jung ကိုတော့ မီရှီ ဇာတ်ကောင်နဲ့ လူသိများပါတယ်။

မကြာသေးခင်ကမှ မင်းသမီး Jung Yoo Mi နဲ့ Dating သတင်းထွက်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဒီသတင်းဟာ လုံးဝအခြေအမြစ်မရှိတဲ့ သတင်းတစ်ခုသာ ဖြစ်နေခဲ့ပါတယ်။ အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ လူပျိုကြီး Gong Yoo ကလည်း လက်ထပ်ဖို့ အစီအစဉ်မရှိသေးဘူးလို့ဆိုပါတယ်။

Myat Su Nyein
Ref : dramafever

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။