Dispatch ကတောင် Dating သတင်းအတွက် လက်လျှော့လိုက်ရတဲ့ Idol

Posted on - Jan 13 []

Myatsu Nyein

စာရေးသူ

Dispatch သတင်းဌာနဆိုတာ ကိုရီးယားအနုပညာရှင် စုံတွဲတွေရဲ့ Dating သတင်းတွေကို ဖော်ထုတ်ရာမှာတော့ ဆရာတစ်ဆူလို့ ပြောရမှာပါ။ Dispatch က သတင်းတက်လာပြီးရင် အနုပညာရှင်စုံတွဲတွေက တရားဝင်အတည်ပြုကြေညာပေးကြတာ များပါတယ်။

Girls' Generation အဖွဲ့ဝင် Seohyun ဟာ အခုဆိုရင် လှပပြီး ရင့်ကျက်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်လာပါပြီ။ ဒါပေမယ့် အနုပညာလောကထဲဝင်ကတည်းက Dating ကောလဟလတစ်ခါမှမထွက်ဖူးသူမို့ Dispatch က Seohyun နောက်လိုက်ပြီး စုံစမ်းခဲ့ပါတယ်။

ဒါပေမယ့် အချိန်တွေသာ ကြာသွားခဲ့ပေမယ့် ထူးခြားမှုတစ်စုံတရာမရှိခဲ့ဘဲ ကော်ဖီဆိုင်မှာ တစ်ယောက်တည်းထိုင်ပြီး အချိန်ဖြုန်းနေတဲ့ အချိန်တွေကိုသာ တောက်လျှောက်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

အတွင်းသိတစ်ယောက်ရဲ့ ပြောပြချက်အရဆိုရင်လည်း Seohyun ဟာ အင်မတန်မှဖြူစင်သူတစ်ယောက် ဖြစ်ပါတယ်။ "Yoona က Seohyun သီချင်းနားထောင်နေတာတွေ့ရတော့ သူဘာနားထောင်နေလဲဆိုပြီး သွားစပ်စုကြည့်တာ Seohyun က သူ့ mp3 ထဲက ကလေးတွေကြိုက်တဲ့ ကာတွန်းဇာတ်ကားထဲက ဇာတ်ဝင်တေးကို နားထောင်နေတာ ဖြစ်နေတယ်" လို့ အဆိုပါ အတွင်းသိက ပြောပါတယ်။

ကော်ဖီဆိုင်မှာ တစ်ယောက်တည်း မပျင်းမရိနဲ့ အချိန်တွေကို ကုန်ဆုံးစေတဲ့ Seohyun ကို Dispatch သတင်းထောက်တွေကတော့ လက်လျှော့လိုက်ရပါတယ်။

Seohyun လေးကို ချစ်ရင် like and Share လေးနဲ့ အားပေးဖို့ မမေ့ပါနဲ့နော်။

Myat Su Nyein
Ref : koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။