ရုပ်ရှင်ဇာတ်ကားအသစ်မှာပြန်လည်ဆုံတွေ့ကြမယ့် DOTS ရဲ့ ဒုတိယစုံတွဲ

Posted on - Jan 13 []

Theingi Kyaw

စာရေးသူ

Descendants of the Sun ဇာတ်လမ်းတွဲမှ နာမည်ကြီးဒုတိယစုံတွဲတွေဖြစ်တဲ့Jin Goo နဲ့ Kim Ji Won တို့ဟာ Mr. Sunshine ဆိုတဲ့ရုပ်သံဇာတ်လမ်းတွဲမှာပြန်လည်ပါဝင်လာတော့မှာပဲဖြစ်ပါတယ်။

Mr. Sunshine ဆိုတဲ့ရုပ်သံဇာတ်လမ်းတွဲဟာဆိုရင် နာမည်ကြီးဇာတ်လမ်းတွဲတွေဖြစ်တဲ့ Descendants of the Sun၊ Goblin နဲ့အစရှိတဲ့ နာမည်ကြီးဇာတ်လမ်းတွဲပေါင်းများစွာကိုရေးသားခဲ့တဲ့ Kim Eun Sook ကပဲ ရေးသားထားတာဖြစ်ပါတယ်။ ထုတ်လုပ်မှုနဲ့ တခြားသောအသေးစိတ်အကြောင်းအရာတွေကို လျို့ဝှက်ထားဆဲဖြစ်သော်လည်း Mr. Sunshine ဇာတ်လမ်းတွဲဟာဆိုရင် Jin Goo နဲ့ Kim Ji Wonတို့ ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်သွားမယ်ဆိုတာကိုတော့ပြောကြားခဲ့ပါတယ်။

နာမည်ကြီးအနုပညာရှင်တွေဖြစ်တဲ့ Lee Byung Hyun နဲ့ Kim Tae Riတို့ ပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး ဇာတ်ညွှန်းရေးဆရာဟာလည်း Goblin,DOTS အစရှိတဲ့ဇာတ်လမ်းတွေကိုရေးသားသူဖြစ်တာကြောင့် Mr. Sunshine ဇာတ်လမ်းတွဲဟာဆိုရင် နာမည်ကြီးရုပ်သံဇာတ်လမ်းတွဲတစ်ပုဒ်ဖြစ်လာမှာအမှန်ပါပဲ ပရိတ်သတ်ကြီးရေ။

Gi Gi (momolay)
Ref : Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။