ကိတ်နေလို့ မဂ္ဂဇင်း မျက်နှာဖုံး ရိုက်ခွင့်မရတဲ့ မော်ဒယ်လ်

Posted on - Jan 13 []

Mg Aung Kaung Zan

စာရေးသူ

မော်ဒယ်လ် Nina Agdal က သူ့ကို မဂ္ဂဇင်း တစ်ခုက body-shaming လုပ်ခဲ့တာကို သောကြာနေ့က အင်စတာဂရမ်ပေါ်မှာ ပြောခဲ့ပါတယ်။ Nina Agdal ကို မဂ္ဂဇင်း တစ်ခုက မျက်နှာဖုံး ရိုက်ကူးဖို့ ကမ်းလှမ်းခဲ့ပြီးနောက်မှာ သူ့ရဲ့ ကိုယ်လုံးနဲ့ ရိုက်ရမယ့် အဝတ်အစားတွေ နဲ့ မတော်တဲ့အတွက် ရိုက်ကူးမှု ကို ဖျက်သိမ်းခံခဲ့ရတာ လို့ ပြောပါတယ်။ Agdal က ဂျင်းဘောင်းဘီ ပဲ ဝတ်ပြီး ရိုက်ထားတဲ့ ပုံကို အင်စတာဂရမ်ပေါ်မှာ တင်ခဲ့ပါတယ်။ Agdal က မော်ဒယ်လ်လောကမှာ ရှိနေတဲ့ ခပ်ဆိုးဆိုး အမှန်တရားတွေကိုလည်း စိတ်ပျက်မိတယ်လို့ ပြောပါတယ်။

Agdal က ဂျင်းဘောင်းဘီ ပဲ ဝတ်ပြီး ရိုက်ထားတဲ့ ပုံကို အင်စတာဂရမ်ပေါ်မှာ တင်ခဲ့ပါတယ်။ Agdal က မော်ဒယ်လ်လောကမှာ ရှိနေတဲ့ ခပ်ဆိုးဆိုး အမှန်တရားတွေကိုလည်း စိတ်ပျက်မိတယ်လို့ ပြောပါတယ်။

"ကျွန်မနဲ့ အလုပ်လုပ်လို့ ကောင်းမယ်လို့ ထင်ခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ နဲ့ ဓါတ်ပုံရိုက်ဖို့ အရင်လက အလုပ်လက်ခံခဲ့ပါတယ်။ သူတို့နဲ့ အလုပ်တွဲလုပ်ရမှာဆိုပြီး စိတ်လှုပ်ရှားခဲ့တာ။ ကျွန်မရဲ့ ကိုယ်စားလှယ်ဆီကို အကျောတင်းတင်းနဲ့ email တစ်ခု ဝင်လာတယ်။ သူတို့က ကျွန်မရဲ့ talentကို မကြိုက်တာ နဲ့ ကျွန်မရဲ့ ကိုယ်ရေးဂုဏ်ဒြပ်က သူတို့ရဲ့ sample နဲ့ မကိုက်တာကြောင့် ဆိုပြီး မျက်နှာဖုံး မရိုက်ဘူး ဆိုပြီး အဓိပ္ပါယ် မရှိတဲ့ စကားတွေ ပြောခဲ့တယ်။ ကျွန်မ အကြောင်းကို စိတ်ဝင်စားသူတိုင်း ကျွန်မကိုယ်လုံးက သာမန်မော်ဒယ်လ် တစ်ယောက်ရဲ့ ကိုယ်လုံးမဟုတ်ဘူး ဆိုတာ သိပါတယ်။ ကျွန်မက ကျန်းမာအောင် နေထိုင်တယ်။ တောင့်တင်းတဲ့ အချိုးအစစ် ရှိတယ်။

ခံစားတတ်တဲ့ စိတ်မရှိတဲ့ မူမမှန် ဖိအားတွေရှိပြီး အံသေတဲ့ အမြင်တွေနဲ့ ဒီလောကကနေ အဆက်ဖြတ်ပြီးနောက်မှာ ကျွန်မက ကိုယ့်အသားအရေကို ယုံကြည်မှု ရှိပြီး အရင်ကထက် ကျန်းမာတဲ့ 25 နှစ် မိန်းမသား အဖြစ် ဒီအလုပ် ကို ရိုက်မလို့ လက်ခံခဲ့တာပါ။ အချို့ရက်တွေမှာ ကျွန်မက မော်ဒယ်အချိုးအစစ်၊ အချို့ရက်မှာ size 4 နဲ့ အချို့ရက်မှာ အခြား size ပေါ့။ ကျွန်မက runway မော်ဒယ်အဖြစ် မရပ်တည်သလို ပိန်ကပ်နေတာလည်း မကြိုက်ဘူး။ အခု ကျွန်မ အရင်ကထက် ကျွန်မရဲ့ အချိုးအစစ်တွေကို ချစ်ပါမယ်။ သန်မာတဲ့ ကိုယ်လုံးရဖို့ gym ကို ဝီရိယ ရှိရှိသွားဆော့မယ်။ ကျွန်မ ကိုယ်လုံးအတွက် ကျွန်မ ဂုဏ်ယူတယ်။ ကျွန်မ 16 နှစ်က မကျန်းမာတဲ့ ပိန်ကပ်ကပ် size ကို ကျန်းမာအောင် ဆော့ခဲ့တာလေ။ အဲ့တာကြောင့် ရှင်တို့ကို ကျွန်မရွံ့ပါတယ်။ ကိုယ်ယုံကြည်တဲ့ အမှန်တရားတစ်ခုကို ရဲဝင့်စွာ ထုတ်ပြောဖို့က ဘယ်လောက် အရေးကြီးတယ် ဆိုတာကို သတိပေး လို့ ပုံနှိပ်တိုက်ကိုလည်း ကျေးဇူးတင်ပါတယ်ရှင်။ ရှင်ဘယ်လို လူဖြစ်ဖြစ်၊ ဘယ်လောက် size ဖြစ်ဖြစ် အရေးမကြီးဘူး။ ကျွန်မ ဒီ အသိလေးကို ပရိသတ်တွေကို ပြောဖို့ ပုံတစ်ပုံ တင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ #bodyshaming #bodyimage #selfimage #dietculture #mybodymybusiness " ဆိုပြီး Nina Agdal က ပုံတင်ပြီး သူကြုံခဲ့ရတာကို ပြောခဲ့ပါတယ်။

Ref : people
Zan(Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။