သင့်ကို Kang Daniel ချစ်လာအောင်ဘယ်လိုကြိုးစားကြမလဲ။

Posted on - Jan 13 []

Theingi Kyaw

စာရေးသူ

မိန်ကလေးတွေအားလုံးပဲ ဒီကိုတစ်ချက်လောက်အာရုံစိုက်ပေးကြပါ။ Wanna One ရဲ့အဖွဲ့ဝင်ဖြစ်သူ Daniel တစ်ယောက် သူ့ရဲ့စိတ်ကူးထားတဲ့ လက်တွဲဖော်မိန်းကလေး က ဘယ်လိုပုံစံဖြစ်မလဲဆိုတာ ပြောပြလိုက်ပါပြီ။တစ်ချက်လောက်ကြည့်လိုက်ကြရအောင်။

Daniel ဟာစင်ပေါ်မှာဖျော်ဖြေတဲ့အခါ ခပ်လန်းလန်းနဲ့ စတိုင်ကျကျဖျော်ဖြေတတ်တယ်ဆိုတာ ကြည့်ဖူးသူတိုင်းသိပါတယ်။ စင်အောက်ရောက်သွားတဲ့အခါမှာတော့ အပြုံးချိုချိုလေးနဲ့လိမ္မာတဲ့ကောင်လေးတစ်ယောက်အဖြစ် လူတိုင်းလိုလိုလက်ခံထားကြပါတယ်။ ဒီလိုနဲ့ Kang Daniel တစ်ယောက်ဟာ "စန်းပွင့်မှု" နဲ့ "ကြိုးစားမှု" တို့ထပ်တူကြသွားတဲ့အခါ အချိန်ခဏလေးအတွင်းမှာ K-pop လောကရဲ့အအောင်မြင်ဆုံးအနုပညာရှင်တွေထဲ က တစ်ယောက်ဖြစ်လာပါတယ်။

Daniel တစ်ယောက်ဟာ ပိုးမွှားတွေကို အရမ်းကြောက်တတ်ပါတယ်။ Living Together in Empty Room ဆိုတဲ့အစီအစဉ်မှာ ဆိုရင် Daniel ဟာ သူ့အတွက်နဲ့ ပိုးကောင်တွေကိုသတ်ပေးမယ့် မိန်းကလေးကို အရမ်းချစ်မိသွားမှာဖြစ်ကြောင်းအတည်ပြုပြောကြားခဲ့ပါတယ်။ ဘယ်လောက်တောင်မှ ပိုးကောင်တွေကိုကြောက်တတ်တဲ့ Daniel ပါလဲနော်။

ဒီလိုနဲ့ Daniel တစ်ယောက်ဟာ သူ့ရဲ့စိတ်ကူးထဲက မိန်းကလေးပုံစံကို ပိုးကောင်တွေကိုမကြောက်တတ်တဲ့ အရည်အချင်းရှိသူကိုအဓိကထားပြီး စဉ်းစားပါတယ်တဲ့။ သူရွေးချယ်ထားတဲ့ မိန်းကလေးပုံစံတွေကိုပြောပြရမယ်ဆိုရင် "အက 'က' တတ်တဲ့ မိန်းကလေး၊ ရေကူးတတ်တဲ့ မိန်းကလေး၊ သရဲအိမ်ထဲ ၀င်ရမှာမကြောက်တတ်တဲ့ မိန်းကလေး၊ ပိုးကောင်တွေကို မကြောက်တတ်တဲ့ မိန်းကလေး" မျိုးပါတဲ့။ကဲ အမျိုးသမီးတို့ရေ သူ့ရဲ့အသည်းနှလုံးကို အပိုင်ရဖို့လွယ်တယ်မဟုတ်လား။ အင်းဆက်တွေကို နိုင်နင်းတဲ့ မာစတာဘွဲ့ကောလိုကြသေးလားဗျို့။

Gi Gi (momolay)
Ref : Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။