 ရဲတိုက်​ ရဲ့ ပထမဦးဆုံး ပြန်လည် သရုပ်​​ဆောင်​မယ့်​ 'မှန်​'ဇာတ်ကား

Posted on - Jan 13 []

Myint Myat

စာရေးသူ

သရုပ်ဆောင် ရဲတိုက် ထောင်ကထွက်လာပြီး ပထမဦးဆုံးအ​နေနဲ့သရုပ်ဆောင်မယ့်​ "မှန်" ဗီဒီယိုဇာတ်ကားကို ဇန်န၀ါရီလ(၁၃) ရက်နေ့က စတင်ရိုက်ကူးနေတာပဲဖြစ်​ပါတယ်​။ဒါရိုက်​တာသားညီပုံ​ဖော်​ရိုက်​ကူးမယ့်​ ဒီဇာတ်​ကားမှာ​တော့ ရဲတိုက်၊ အိချောပို၊ ဒေါင်းဝေ၊ ထူးသာ တို့က အဓိကပါဝင် သရုပ်ဆောင်​သွားမှာပဲဖြစ်​ပါတယ်​။ ရဲတိုက်ကို ချစ်တဲ့ပရိသတ်တွေကတော့ ရဲတိုက် ပထမဦးဆုံး ရိုက်မယ့်ဇာတ်ကားအတွက် ရင်ခုန်နေကြတာပါ။

'မှန်'​ဇာတ်​ကားမှာ​တော့ ရဲတိုက်​ကဘုန်းကြီး​ကျောင်းသား​နေရာမှပါဝင်​သရုပ်​​ဆောင်​မှာဖြစ်​ပြီး အိ​ချောပိုက​တော့ ရဲတိုက်​ရဲ့ချစ်​သူ ​ကောင်​မ​လေး အိဖြူဆိုတဲ့​ကောင်​မ​လေး​နေရာမှပါဝင်​သရုပ်​​ဆောင်​သွားမှာဖြစ်​ပါတယ်​။ဘယ်​လိုဇာတ်​လမ်းမျိုး​လေးဖြစ်​မလဲဆိုတာကို​တော့​ ပရိသတ်တွေက စိတ်​ဝင်​စားဖွယ်​ ​စောင့်​​မျှော်​ကြည့်​ရှုကြရမှာပဲဖြစ်ပါတယ်။

ရဲတိုက်​နဲ့ဇာတ်​ကားရိုက်​​နေတဲ့ပုံရိပ်​​တွေကို​တော့အိ​ချောပိုက သူမရဲ့​ဖေ့စ်​ဘုတ်​စာမျက်​နှာ​ပေါ်မှာတင်​ထားတာပဲဖြစ်​ပါတယ်​။ လက်​ရှိမှာ​တော့အိ​ချောပိုပါဝင်​သရုပ်​​ဆောင်​ထားတဲ့ 'သုံး​ရောင်​ခြယ်​'ဆိုတဲ့ရုပ်​ရှင်​ဇာတ်​ကားကို မကြာမီရုံတင်​ပြသ​တော့မှာ ဖြစ်​ပါတယ်​။ ရဲတိုက်​က​တော့ လက်​ရှိ​မှာ အနုပညာလှုပ်​ရှားမှု ​တွေဆက်​တိုက်​ပြုလုပ်​သွားမှာ ဖြစ်​တဲ့အတွက်​ ရဲတိုက်​ကိုချစ်​တဲ့ပရိသတ်​ကြီးလဲ ​ကျေနပ်​​နေကြမှာပါ။ မိုမိုလေးချစ်ပရိသတ်ကြီးလဲ ပျော်ရွှင်သောနေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

Myint Myat
Source:Ei Chaw Po's FB

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။