စိန်ပွင့်တွေ လှူခဲ့တဲ့ နန္ဒာလှိုင် နဲ့ ဇေသီဟ

Posted on - Jan 13 []

Kyu Kyue Ko

စာရေးသူ

ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် အကယ်ဒမီ နန္ဒာလှိုင် နဲ့ ခင်ပွန်းဖြစ်သူ ဇေသီဟ တို့ဟာ အလှူအတန်း ရက်ရောသူတွေဖြစ်ကြပြီး ယခုအခါမှာလဲ စိန်ဖူးတော်ငှက်မြတ်နားတော် တွေမှာ ပူဇော်ရန် စိန်ပွင့် များစွာလှူဒါန်း ခဲ့ပြန်ပါတယ်။ သူတို့ ရဲ့အလှူမှာ သူတို့တင်မက သူတို့ရဲ့ မိတ်ဆွေတွေဖြစ်တဲ့ ကိုဖြိုးမင်းသူ နဲ့ မစန်းယဉ်ဝင်း မိသားစုကလဲ ကျောက်စိမ်းနဲ့ ပတ္တမြားတွေ ကို စိန်ဖူးတော် ငှက်မြတ်နားတော် အတွက် အသုံးပြုရန် လှူဒါန်းခဲ့ပါသေးတယ်။ နန္ဒလှိုင်တို့ ဇနီးမောင်နှံဟာ ယခုအချိန်မှမဟုတ်ပါဘူး မင်္ဂလာဆောင်စဉ် အချိန်ကတည်းက နာဂစ်သဘာဝ ဘေးအန္တရာယ် ကျရောက်တဲ့ သူတွေအတွက် မင်္ဂလာဆောင်စရိတ်ကို လှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံရဲ့ အလှူကို သာဓုခေါ်ဆိုနိုင်ကြပါစေနော်။

ယခုချိန်အထိ အားပေးနေတဲ့ နန္ဒာလှိုင့်ရဲ့ ချစ်ပရိသတ်ကြီးရေ သူတို့အလှူကို သာဓုခေါ်နိုင်စေဖို့ ဒီသတင်းလေး မျှဝေပေးလိုက်ကြပါဦးနော်။ မိုမိုလေးမှ ချစ်ပရိသတ်ကြီးကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်။

KKK(momolay)
Source - Nandarhlaing FB

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။