ခင်လှိုင်သမီးလေး သဇင်ထူးမြင့် အကောင့်ဟက်ခံရ

Posted on - Jan 13 []

A War Yaung

စာရေးသူ

ချစ်စရာကောင်းလို့ ဖေ့ဘုတ်မှာ ဝန်းရံခံရသူလေးတစ်ဦးဖြစ်တဲ့ ဦးခင်လှိုင်ရဲ့ သမီးငယ် သဇင်ထူးမြင့်လေးကတော့ M4L ရဲ့အကောင့် ထိန်းသိမ်းခြင်းကို ခံလိုက်ရပါတယ်။ M4L ကသဇင်ထူးမြင့်ကို အနုပညာ အသိုင်းအဝိုင်းထဲက ဖြစ်လို့ Acc Security အားနည်းတာကို ထောက်ပြခြင်း ဖြစ်ပြီး သူတို့ရဲ့ တောင်းဆိုချက် တစ်ခုကို လိုက်လျောရင် Acc ကိုပြန်လည်ပြုပြင်ပြီး ပြန်ပေးမယ်လို့ တောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။

အကောင့်ဟက်ခံရမှန်းမသိပဲ သူများတွေ ပြောမှ သိခဲ့ရတဲ့ သဇင်ထူးမြင့်က M4L တောင်းဆိုချက် အတိုင်း လှူဒါန်းသွားမှာ ဖြစ်လို့ အကောင့်ပြန်လည် ရရှိပြီး အဆင်ပြေသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။

သဇင်ထူးမြင့် တစ်ယောက်တော့ M4L ကြောင့် အလှူဒါန တစ်ခု ပြုနိုင်နော့မှာပဲ ဖြစ်ပါတယ်။

မျက်ပြေ(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။