လိုက်​ဖက်​လွန်းလို့ အမြဲအတူတူသရုပ်​​ဆောင်​​နေရတဲ့သူတို့၂​ယောက်

Posted on - Jan 13 []

Myint Myat

စာရေးသူ

နှုတ်​ခမ်းနီမ​လေး​တွေရဲ့အသည်းတစ်​ခြမ်း ပိုင်​တံခွန်​နဲ့ မြင်​ရသူတိုင်းရဲ့ရင်​​ကိုအး​စေတဲ့ အပြုံးအလှပိုင်​ရှင်​မ​လေး ​နော်​​ဖောအယ်​ထားတို့က​တော့ လိုက်​ဖက်​လွန်းတာ​ကြောင့် အမြဲလိုလိုအတူတွဲသရုပ်​​ဆောင်​​နေရတာပဲဖြစ်​ပါတယ်​။သူတို့နှစ်ဦးလုံးရဲ့ ပုံစံနဲ့ စတိုင်လေးတွေကအစ လိုက်ဖက်ညီလွန်းလှပါတယ်နော် ပရိသတ်ကြီးရေ။

အလွမ်းဓာတ်​ခံရှိတဲ့ မင်းသား​ချော​လေးပိုင်​တံခွန်​ရဲ့အချစ်​​ရေးက​တော့ငြိမ်​သက်​​နေဆဲပဲ ဖြစ်​ပါတယ်​။ချော​မောတဲ့ရုပ်​ရည်​နဲ့ ကြည့်​​ကောင်းတဲ့​ဘော်​ဒီကိုပိုင်​ဆိုင်​ထားတဲ့၊ သူ့ကိုချစ်​တဲ့ဖန်​​တွေကိုလဲအရမ်းတန်ဖိုးထားတဲ့ ပိုင်​တံခွန်​က​တော့ ဘယ်​လိုအခက်​အခဲ​တွေပဲကြုံကြုံ ဖန်​​တွေအတွက်​ဆို အမြဲပြုံး​နေတတ်​တာပြဲဖစ်​ပါတယ်​ ချစ်​ပရိသတ်​ကြီး​ရေ။

ရှမ်းပြည်​နယ်​က ကရင်​မ​ချော​ချော​လေးတစ်​ဦးဖြစ်​တဲ့ ​နော်​​ဖောအယ်​ထားက​တော့ ကိုရီးယားမ​လေးနဲ့မခြား လှရက်​လွန်းသူ​လေးပါ။မျက်​နှာသစ်​​လေးတစ်​ဦးဖြစ်​​ပေမယ့်​ သူမကိုအား​ပေးတဲ့ပရိသတ်​ကလဲ ထုနဲ့​ထေးပါပဲ​နော်​။အမြဲလိုလိုလှပ​ကျော့ရှင်း​​နေတတ်​တဲ့သူမက​တော့ ဖက်​ရှင်​အမြင်​ရှိသူတစ်​ဦးလဲဖြစ်​ပါတယ်​။ချစ်စဖွယ်ကောင်းလွန်းတဲ့ သူမရဲ့ပုံရိပ်လေးတွေက အရုပ်လေးတစ်ရုပ်လိုပါပဲနော်၊

ရိုက်​ကွင်း​ပေါ်ကသူတို့ရဲ့ ချစ်​စရာ​ကောင်းတဲ့ပုံရိပ်​​လေး​တွေကို​ဖော်​ပြ​ပေးလိုက်​တယ်​​ပါတယ်။ လက်​ရှိမှာ​တော့နှစ်​ဦးလုံးရဲ့အချစ်​​ရေးက​အေး​ဆေးပါပဲတဲ့​။ မိုမို​လေးချစ်​ပရိသတ်​ကြီးက​​ရော သူတို့နှစ်​​ယောက်​ကလိုက်​ဖက်​ရဲ့လားဆိုတာ​ ​ရေးသွားကြပါဦးနော်။

Myint Myat
Source:PTK and NPAH'Fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။