ပရိသတ်တွေ စိတ်ဝင်စားနေတဲ့ Kim Kardashian ရဲ့ ကြော်ငြာဓါတ်ပုံ

Posted on - Jan 13 []

Mg Aung Kaung Zan

စာရေးသူ

Kim Kardashian က လုံရုံဝတ်ထားတဲ့ ပုံကို အင်စတာဂရမ် မှာ တွေ့ရပါတယ်။ Kim က သူ့ရဲ့ ကိုယ်လုံးအလှ ပြဖို့ဆို ဘယ်တော့မှ မရှက်ပါဘူး။ Kim က diet shake program အတွက် အင်စတာဂရမ် ကြော်ငြာရိုက်ကူးခဲ့ပြီး အချိုရည် စုပ်နေရင်း အတွင်းခံကို အောက်လျော့ထားတာကို တွေ့ခဲ့ပါတယ်။

"ပုံမှန် လေ့ကျင့်ခန်းလေးလုပ်ပြီး ကျန်းမာတဲ့ အစားအစာ စားရုံနဲ့ လှလာမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီပရိုဂရမ်က ကျွန်မ လိုအပ်တဲ့ လမ်းညွှန်မှုတွေ ပေးပါတယ်။ အသား စားစရာ မလိုတဲ့ ဒီဖျော်ရည်တွေဟာ အရမ်းကောင်းပါတယ်။ ကျွန်မ အစာအိမ်ကို ပိန်အောင်လုပ်ပေးနိုင်မှာပါ။ ကျွန်မသောက်ပြီး ဒီလို result ရမယ်လို့ မထင်ထားခဲ့ဘူး။ ကျွန်မ နောက်ရက်တွေ ဘယ်လို ဖြစ်လာမှာလဲဆိုတာ စိတ်လှုပ်ရှားပါတယ်။" လို့ Kim က ကြော်ငြာမှာ ပြောခဲ့ပါတယ်။

Kim Kardashian ရဲ့ အဝတ်အစားက စိတ်ဝင်စားစရာ ကောင်းပေမယ့် သူ့ရဲ့ ဆံပင်ပုံကလည်း စိတ်ဝင်စားစရာ ပါ။ Kim အမျိုးသား Kenye က blonde နဲ့ Kim ဖြစ်စေချင်ပေမယ့် Kim က အခြားအရောင် ကို စိတ်ဝင်စား နေပါတယ်။ ဖန်တစ်ယောက်က Kim ကို ဆံပင် အနီရောင်နဲ့ ကွန်ပြူတာ ဖန်တီးမှု လုပ်ထားတဲ့ ပုံအောက်မှာ "ကျွန်မ အဲ့ အရောင် ဆိုးရမလား။" လို့ ပြောခဲ့ပါတယ်။

Ref : people
Zan(Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။