လက်ရှိပုံစံ နဲ့ ဆန့်ကျင်ဘက်ဇာတ်ရုပ်ကြောင့် စိုးရိမ်နေတဲ့ မအေးသောင်း

Posted on - Jan 13 []

Myint Myat

စာရေးသူ

နန်းဆန်တဲ့အလှကိုပိုင်ဆိုင်ထားတဲ့ မြန်မာဝတ်စုံတွေနဲ့အလွန်လိုက်ဖက်တဲ့ ရင့်ကျက်တဲ့အလှနဲ့ အေးဝတ်ရည်သောင်း (ခေါ်) အေးသောင်းကတော့ နှစ်တွေကြာမှအနုပညာလောကထဲသို့ တစ်ကျော့ပြန်လည်ဝင်ရောက်လာတာဖြစ်ပြီး ပရိသတ်တွေပြန်လည်အားပေးတဲ့အတွက် ထီသိန်းတစ်သောင်းဆုကြီးပေါက်တာထက်ကို ပိုပြီးပျော်တယ်လို့ ရင်ဖွင့်ထားသူတစ်ဦးလဲဖြစ်ပါတယ်။မြန်မာဆန်ဆန်လေးနဲ့လှတဲ့သူမဟာ လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ ဖေ့စ်ဘုတ်မှာ follower ၁သန်းကျော် ရှိနေပြီပဲဖြစ်ပါတယ်။စကားကြွယ်လွန်းတဲ့သူမကတော့ ပရိသတ်တွေနဲ့ အမြဲလိုလိုကဗျာတွေ စာတွေနဲ့ ဆက်သွယ်လေ့ ရှိပါတယ်နော်။

လက်တလောမှာတော့ သူမဟာအခုလက်ရှိပုံစံနဲ့ဆန့်ကျင်ဘက် ဟော့ရှော့မမနေရာကနေသရုပ်ဆောင်ရမယ့် ဇတ်လမ်းလေးတစ်ခုရောက်လာတာကြောင့် ရိုက်လဲရိုက်ချင်တယ် ပရိသတ်တွေငြိုငြင်မှာလဲစိုးရိမ်နေတဲ့အကြောင်းကို သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှ "လက်ထဲကို ဝတ္ထုတစ်အုပ်ရောက်လာတယ်။ရုပ်ရှင်ရိုက်ဖို့တဲ့။ကိုယ်လုပ်ရမဲ့ ဇာတ်ကောင်က အခုလက်ရှိကိုယ်ရဲ့ပုံစံနဲ့ ဆန့်ကျင်ဘက်။ဟော့ရှော့မမပေါ့နော်😱😱😱😱အင်းးးး စိတ်ထဲမှာကတော့ ဒွိဟတွေနဲ့ သရုပ်ဆောင်ဆိုတော့ ဆေးစက်ကျရာအရုပ်ထင်အောင်ကြိုးစားရမှာပဲလေ လို့စဉ်းစားမိတယ်။ ရတဲ့အခွင့်အရေးလေးကိုအမိအရလေးကြိုးစားပြချင်တာ။ဇာတ်လမ်းလေးကလည်းသိပ်ကောင်းတာလေ။အမျိုးသမီးတွေရဲ့ဘဝအကြောင်းလေး။ အမျိးသမီးတွေ ရုန်းကန်ကြိုးစားပြီး အရှုံးမပေးတတ်တာ။ဇွဲရှိတာလေးတွေလည်းပါတယ်။ စိတ်ကိုခွန်အားဖြစ်စေမဲ့ ဇာတ်လေးပေါ့။ တဖက်ကလည်း ငါဒီလိုတွေဝတ်ရင် မထော်တနန်းတွေများဖြစ်နေမလား။ ကိုယ့်ကိုမြန်မာဝတ်စုံနဲ့ပဲ ကြည့်ချင်ကြတဲ့သူတွေကိုများ မျက်နှာပူစရာဖြစ်မလားလို့ပေါ့။စဉ်းစားရင်း တွေးရင်း.....
အဲ့ဇာတ်လေးရိုက်ဖြစ်ရင်တော့ ကိုယ်အသိပေးပါ့မယ်နော့။
ကိုယ်ဘာစတေးရမလဲ?????" ဆိုပြီးတင်ထားတာပါ။ဇတ်လမ်းကာင်းလေးမို့ကြိုးစားချင်တာကြောင့် ပရိသတ်ကိုအသိပေးခဲ့တာပဲဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ပရိသတ်ကိုအမြဲအသိပေးပြီးပြောတဲ့အေးသောင်းရဲ့စိတ်လေးကတော့ တကယ့်ကိုချစ်စရာပါ။။အေးသောင်းကိုချစ်တဲ့ပရိသတ်တွေကတော့ သူမကို ဘာဇတ်ရုပ်ပဲဖြစ်ဖြစ် အနုပညာကိုခံစားပြီးအားပေးကြမှာပါပဲနော်။လက်ရှိမှာ သာယာတဲ့အချစ်ရေးကို ပိုင်ဆိုင်ထားတဲ့သူမကတော့ ချစ်သူကဘယ်သူလဲဆိုတာကို မပြောသေးပါဘူး။မိုမိုလေးချစ်ပရိသတ်ကြီးတွေလည်း ချစ်ရတဲ့အနုပညာရှင်တွေကိုအားပေးရင်း အမြဲ ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

Myint Myat
Source: Aye Thaung FB

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။