မွေးနေ့ ပွဲကို နှစ်ကိုယ်တည်း ကျင်းပခဲ့တဲ့ Zayn နဲ့ Gigi Hadid တို့ စုံတွဲ

Posted on - Jan 13 []

မြတ် သူ

စာရေးသူ

Happy Birthday ပါ Zayn Malik! ပြီးခဲ့နေ့ သောကြာနေ့ ( ဇန်န၀ါရီလ ၁၂ ရက် ) ဟာ ကမ္ဘာကျော် ပေါ့(ပ်)အဆိုတော် Zayn Malik ရဲ့ (၂၅) နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ Zayn ဟာ သူ့ ရဲ့ မွေးနေ့ ကို ချစ်သူ Gigi Hadid နဲ့ အတူ နှစ်ကိုယ်တည်း ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့တာကို တွေ့ ရပါတယ်။ Zayn နဲ့  Gigi တို့ ရဲ့  ချစ်သူသက်တမ်းဟာ (၂) နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

" ကျွန်မကို တစ်နေ့ ထက်တစ်နေ့ ပျော်ရွှင်စရာတွေပဲ ဖန်တီးပေးတဲ့ ဒီလူကြီးကို ဘယ်လိုစကားမျိုးနဲ့ မှ ခိုင်းနှိုင်းလို့ မရနိုင်အောင်ကို အရမ်းချစ်ပါတယ်။ ရှင့်ရဲ့ မွေးနေ့ အတွက် ဂုဏ်ပြုပါတယ်။ အပျော်တကာ့ အပျော်ရွှင်ဆုံး (၂၅) နှစ်ပြည့်မွေးနေ့ ဖြစ်ပါစေ။ ရှင့်ရဲ့ လက်တွဲဖော်ဖြစ်နေရတဲ့အတွက်လည်း အရမ်းဂုဏ်ယူပါတယ် @zayn " ဆိုပြီး Gigi က ချစ်သူ Zayn အတွက် သူမရဲ့ အင်စတာဂရမ်ကနေ Birthday Wish လုပ်ပေးခဲ့ပါတယ်။

Zayn ကို ချစ်တဲ့ မိုမိုလေးပရိသတ်ကြီးလည်း Zayn အတွက် Birthday Wish လေးတွေ ရေးပေးခဲ့ပါဦးနော်။

Ref : EOnline
Myat Thu ( Momolay )

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။