အချစ်ရှိရင် အလှရှိတယ်ဆိုတာ သက်သေပြနေတဲ့ နန်းဆုရတီစိုး

Posted on - Jan 13 []

A War Yaung

စာရေးသူ

အရုပ်မလေးနဲ့ တူလို့ ပရိသတ်တွေချစ်ခင်ရတဲ့ သူလေးကတော့ သရုပ်ဆောင် အဆိုတော်မလေး နန်းဆုရတီစိုးပါ။ အဆိုတော် G fatt နဲ့ ချစ်သူတွေ ဖြစ်နေကြပြီး သူတို့နှစ်ယောက်အတူတွဲ သရုပ်ဆောင်ထားတဲ့ ရူးအောင် ချစ်ရသူ သီချင်းလေးကလဲ နန်းဆုအတွက် အောင်မြင်တဲ့ သီချင်းလေးတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။ အချစ်ရှိရင် အလှရှိတယ် ဆိုတဲ့ စကားလေးက နန်းဆုနဲ့ အခုချိန်မှာ အတော်ကို လိုက်ဖက်တဲ့ စကားလေးပါ။ နန်းဆုတစ်ယောက် အချစ်ရှိတော့ တကယ်ကို လှနေတာပေါ့။

သူတို့နှစ်ဦးက တစ်ယောက်နဲ့ တစ်ယောက် တကယ်ကို ချစ်တတ်တဲ့ စုံတွဲလေးပါပဲ။ Instagram မှာတော့ သူတို့နှစ်ဦးက စုံတွဲပုံလေးတွေ တင်တတ်ပြီး ကော့မန့်လေးတွေမှာလဲ တစ်ယောက်နဲ့ တစ်ယောက် ကျီစယ်တက်ကြတဲ့ စုံတွဲလေးပါပဲ။

အရမ်းချစ်တတ်တဲ့ ကိုG Fatt ရဲ့ တော်ကီလန်းလန်းတွေကြောင့်ပဲ နန်းဆုက ကြွေခဲ့တာထင်ပါတယ်။ G Fatt ကလဲ ချစ်သူကို ရည်ရွယ်ပြီး စကားလုံးလှလှ စာသားလှလှလေးတွေလဲ ဖေ့ဘုတ်မှာ ရေးတင်တတ်သူပါ။

အလှတွေပိုတိုးလာတဲ့ နန်းဆုကို ချစ်တဲ့ မိုမိုလေးချစ်ပရိသတ်တွေ အတွက် နန်းဆုရဲ့ ပုံလှလှလေးတွေလဲ ဖော်ပြပေးလိုက်တယ်နော်။

မျက်ပြေ(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။