တစ်နိုင်တစ်ပိုင် ကြက်မွေးတဲ့ ဆယ်လီဘရစ်တီများ

Posted on - Jan 13 []

Mg Aung Kaung Zan

စာရေးသူ

အောင်မြင်နေတဲ့ ဆယ်လီဘရစ်တီတိုင်းက အမြဲတမ်း အနုပညာတွေ လုပ်နေတာ မဟုတ်ကြပါဘူး။ သူတို့အားတဲ့အချိန်မှာ ကိုယ်ကြိုက်တဲ့ အလုပ်လေးတွေကို လုပ်ရင်း စိတ်အပန်းပြေအောင် လုပ်ပါတယ်။ ဆယ်လီဘရစ်တီတွေထဲက ကြက်မွေးထားတဲ့ ဆယ်လီဘရစ်တီတွေကို people မဂ္ဂဇင်းမှာ ဖော်ပြခဲ့ပါတယ်။

YOLANDA HADID

Real Housewives of Beverly Hills က Yolanda Hadid ကျန်းမာနေတာဟာ မွေးမြူရေး လုပ်လို့ပါ။ "ပျော်ပါတယ်။#FarmLife " လို့ အင်စတာဂရမ်မှာ ရေးခဲ့ပါတယ်။

JENNIFER GARNER

သရုပ်ဆောင် JENNIFER GARNER က သူ့ကိုယ်သူ ကြက်မွေးရတာ ကြိုက်တယ်လို့ ပြောခဲ့ပါတယ်။ သူကို ပရိသတ်တွေကပေးထားတဲ့ Regina George ဆိုတဲ့ အမည်နဲ့ သူ့အကြောင်းကို အင်စတာဂရမ်ပေါ်မှာ တင်ခဲ့ပါတယ်။ " Regina က လမ်းတွေ လျှောက်ရတာ ကြိုက်တယ်။ ပုရစ်ကောင်လေးတွေ ချစ်တယ်။ ကိုက်လန်ရွက် ကြိုက်တယ်။" လို့ရေးပြီး ပုံတင်ခဲ့ပါတယ်။ အဲ့ဒီပုံထဲမှာ သူက ကြက်တစ်ကောင်ရဲ့ ဘေးနားမှာ လမ်းလျှောက်နေခဲ့တာ ဖြစ်ပါတယ်။

Gisele Bündchen

စူပါမော်ဒယ်လ် Gisele Bündchen ကလည်း သူအားရင် ကြက်တွေနဲ့ အလုပ်ရှုပ်နေသူပါ။ "အရမ်းလှတဲ့ ခြံကြီး တစ်ခု L.A. မှာ ရှိတယ်။ အဲကမှာ ကျွန်မ ကြက်တွေမွေးထားတာ။ အလေ့အလွင့် နည်းပါတယ်။ အဲ့မှာ အသီးအနှံ အပဲ့တွေကို ကြက်တွေက စားတယ်။ သူတို့မစားတာတွေကို ကြက်ချေးနဲ့ မြေသြဇာ လုပ်တယ်။" လို့ Gisele က ပြောပါတယ်။

OPRAH WINFREY

မီဒီယာလောက ရဲ့ ဆရာတစ်ဆူ ဖြစ်တဲ့ Oprah Winfrey ပိုင်တဲ့ ဟာဝိုင်အီက အပန်းပြေ အိမ်မှာ ကြက်ခြံ အသေးလေး တစ်ခု ရှိပါတယ်။ သူက ကြက်မွေးရတာ ဂုဏ်ယူတယ် လို့ တွစ်တာကနေ ပြောခဲ့ပါတယ်။"ကျွန်မ ဘာတွေ စုဆောင်းထားလဲ ကြည့်။ ကြက်တွေက အလုပ်တွေ လုပ်နေတာပေါ့။" လို့ စာနဲ့ သူကိုယ်တိုင် ကြက်ဥတွေ သယ်နေတဲ့ ပုံကို တွစ်တာမှာ တင်ခဲ့ပါတယ်။

Zayn Malik

Billboard နဲ့ အင်တာဗျူးမှာ Zayn Malik က Pennsylvania မှာ နေတယ်လို့ ပြောခဲ့ပါတယ်။"အဲ့တာက ကျွန်တော်ရဲ့ စိတ်အပန်းဖြေတာပါ။ ခံစားမှုက လူသားဆန်တယ်လေ။ ကျွန်တော် အလုပ်အားရင် ခြံအလုပ်တွေ အများကြီးလုပ်တယ်။ မြင်းတွေကို ခြံထဲကနေ အပြင်ထုတ်၊ နွားတွေ အစာကျွေး အဲ့လိုတွေ လုပ်တယ်။ ပျော်စရာ အရမ်းကောင်းတာဗျ။ ကျွန်တော်က တိရစ္ဆာန်တွေအကြောင်းကို အရမ်းစိတ်ဝင်စားတာဗျ။ Zayn က ပြောပါတယ်။

MARTHA STEWART

"ကျွန်မ ကြက်ဥတွေ စီးပွားဖြစ် လုပ်တဲ့ စက်ရုံတွေဆီ အလည်သွားခဲ့ပြီး အဲ့မှာ မညှာမတာ ကြက်တွေ မွေးတာတွေ့ခဲ့တယ်။ အဲ့နောက်မှာ ကျွန်မ တစ်နိုင်တစ်ပိုင် ကြက်တွေမွေးခဲ့တာပါပဲ။" လို့ Martha Stewart က ရေးခဲ့ပါတယ်။

REESE WITHERSPOON

Reese Witherspoon က ကြက်အကောင် ၂၀ ကို Ojai မှာ မွေးထားပါတယ်။ "ကျွန်မကို ကြက်ခြံလေး လုပ်ပေးမယ့် သူတစ်ယောက် လိုချင်တယ်။ အဲ့မှာနေပြီး အလုပ်တွေ လုပ်နိုင်သူ ယောကျာင်္းတစ်ယောက်ပေါ့။" လို့ Witherspoon က PEOPLE ကို ပြောခဲ့ပါတယ်။

Julia Roberts

PEOPLE မဂ္ဂဇင်းရဲ့ ကမ္ဘာ့အလှဆုံးလူတွေ ထဲက တစ်ယောက်ဖြစ်တဲ့ Julia Roberts က အစားအသောက်တွေကို တန်ဖိုးထားတဲ့သူ ဖြစ်ပါတယ်။"ကျွန်မ အမျိုးသားက အရမ်းကို ကျန်းမာပြီး အေးချမ်းတဲ့ ပတ်ဝန်းကျင်မှာနေရတာ နှစ်သက်တဲ့သူပါ။ အဲ့တာကြောင့် ကျွန်မတို့ အိမ်မှာ သီးပင်တွေ စိုက်ထားတယ်။ ဥ အတွက် ကြက်မွေးတယ်။ ကျွန်မတို့က လတ်လတ်ဆတ်ဆတ် စားသောက်ကုန်တွေ ရှိတဲ့ နေရာမှာနေတယ်။ organic အစားအစာတွေက ဈေးကြီးတယ်လေ။ အဲ့တာတွေက ဈေးကြီးတော့ အဲ့ကငွေကို ကျွန်မမိသားစု အတွက် အပိုငွေ ဖြစ်အောင် လုပ်ပါတယ်။" လို့ ပြောပါတယ်။

ZACH GALIFIANAKIS

Zach Galifianakis မှာ မြင်းတွေ၊ ပျားတွေ နဲ့ ဆိတ်တွေမွေးထားတဲ့ Farmageddon ဆိုတဲ့ ခြံကြီး ရှိပါတယ်။

Ref : people
Zan(Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။