ချဲလ်ဆီးပရိသတ်တွေအတွက် ၀မ်းသာစရာသတင်းကို ဟာဇက်ပြောကြား

Posted on - Jan 13 []

Thar Lay Htet Aung

စာရေးသူ

ချဲလ်ဆီးအသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား အင်ဒီဟာဇက်ဟာ အသင်းပရိသတ် တွေအတွက် ၀မ်းသာစရာ သတင်းတစ်ခုကို ပြောကြားသွားခဲ့ပါတယ်။ အဆိုပါ သတင်းကတော့ သူဟာချဲလ်ဆီးကနေ ထွက်ခွာသွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့တာပါ။

၂၀၁၉ဇွန်လမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဟာဇက်ကို ရီးရဲမက်ဒရစ်အသင်းက ခေါ်ယူလိုနေပြီး ချဲလ်ဆီးအသင်းကလဲ စာချုပ်သစ် ထပ်မံချုပ်ဆိုဖို့ ကြိုးပမ်းနေပါတယ်။ ဒီလိုအချိန်မှာ ဟာဇက်က အခုလို ပြောကြားလိုက်တာကြောင့် မကြာခင်မှာ ချဲလ်ဆီးနဲ့အတူ စာချုပ်သစ် ချုပ်ဆိုဖို့ နီးစပ်ခဲ့ပြီဖြစ်ပါတယ်။

ဒ့ါပြင် ချဲလ်ဆီး အသင်းအနေနဲ့ အနာဂတ်နဲ့ ပက်သက်ပြီး မငြိမ်မသက်ဖြစ်နေတဲ့ ဂိုးသမားကော်တွိုက်ကိုပါ စာချုပ်သစ် ချုပ်ဆိုဖို့ နီးစပ်နေပြီလို့ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ဟာဇက်ဟာ မကြာသေးခင်က သူ့ရဲ့အနာဂတ်ဟာ လက်ရွေးစင်အသင်းဖော် ကော်တွိုက်နဲ့ သက်ဆိုင်တယ်လို့ ဖွင့်ဟခဲ့ဖူးပြီး လက်ရှိအချိန်မှာ ဟာဇက်က အခုလိုဖွင့်ဟခဲ့လို့ ကော်တွိုက်စ်ဟာလဲ ချဲလ်ဆီးအသင်းမှာ ဆက်ရှိဖို့ သေချာသလောက် ဖြစ်နေပါပြီ။ ဒါပေမယ့်လဲ ဘောလုံးလောကမှာ အပြောင်းအလဲတွေဆိုတာ အမြဲရှိနေတာကြောင့် သူတို့တွေရဲ့ အပြောင်းအရွှေ့ဟာလဲ ဘာတွေဖြစ်လာဦးမလဲ စောင့်ကြည့်ရမှာပါ။

#ထက်အောင်

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။