ချစ်သူ့ကို မွေးနေ့မှာ ဆေးထိုးခဲ့တဲ့ Gigi Hadid

Posted on - Jan 13 []

Mg Aung Kaung Zan

စာရေးသူ

Zayn Malik ရဲ့ မွေးနေ့က အပြာခန်းတွေနဲ့ စခဲ့ပါတယ်။ Gigi Hadid က ချစ်သူ Zayn Malik ကို 25 နှစ်ပြည့် မွေးနေ့မှာ အကျီမပါတဲ့ Zayn ရဲ့ ဗီဒီယိုကို “birthday boogie" လို့ ရေးပြီး အင်စတာဂရမ်ပေါ်မှာ တင်ခဲ့ပါတယ်။

ဒါကတော့ သူရဲ့ Video ပါ။

အဲ့ဗီဒီယိုထဲမှာ Zayn Malik ကို ပြောင်ချော်ချော် မျက်နှာနဲ့ တွေ့ရပြီး ကိုယ်လုံးလေးကို လုပ်ခါနေတာ တွေ့ရပြီး သူ့ရဲ့ ကျစ်လစ်တောင့်တင်းတဲ့ ကိုယ်လုံးလေးကိုလည်း တွေ့ခဲ့ပါတယ်။ Zayn က ကုတ်အကျီ် င်္ကို ကိုယ်ပေါ် တင်ရုံဝတ်ထားပြီး ဂျင်းဘောင်းဘီကို Tommy Hilfiger underwear နဲ့ ဝတ်ထားတာ တွေ့ရပါတယ်။

Gigi က Zayn မွေးနေ့မှာ Birthday Wish အဖြစ် post 2 ခု တင်ခဲ့တာ ဖြစ်ပါတယ်။ အခြား post တစ်ခုမှာ Gigi က ချစ်စရာကောင်းတဲ့ သူတို့နှစ်ယောက်ပုံလေးတွေနဲ့ Birthday Wish လုပ်ခဲ့ပြီး "ကျွန်မသူ့ကို ချစ်တာ စကားလုံးနဲ့ ပြောရင်တောင် မလောက်ပါဘူး။ ကျွန်မကို သူက အမြဲ လွှမ်းမိုးနေပြီး သူက ကျွန်မအတွက် ရှေ့ဆက်ဖို့ အားအင်တစ်ခုပါ။ ငါ့ချစ်သူလေး Zayn နောက်နှစ်ကို ပျော်ရွှင်ပါစေ။ အရမ်း အရမ်း ပျော်ရွှင်မွေးနေ့ နဲ့ ဘဝရဲ့ အပျော်ဆုံး 25 နှစ်မြောက် အချိန်ဖြစ်ပါစေ။ ကျွန်မ ရှင့်နားမှာ နေရတာ ဂုဏ်ယူတယ် ချစ်သူလေး" လို့ ချစ်သူကို မွေးနေ့မှာ အမွှန်းတင် ပြောခဲ့ပါတယ်။

Ref : people
Zan(Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။