လိုချင်တာရမှ ယူနိုက်တက်နဲ့ စာချုပ်သစ် ချုပ်မယ်ဆိုတဲ့ မော်ရင်ဟို

Posted on - Jan 13 []

Thar Lay Htet Aung

စာရေးသူ

ယူနိုက်တက်အသင်းရဲ့ နည်းပြမော်ရင်ဟိုဟာ ၄င်းလိုချင်တဲ့ ကစားသမားများကို ခေါ်ယူပေးမှသာ စာချုပ်သစ် ချုပ်ဆိုဖို့ စဉ်းစားသွားမယ်လို့ သိရပါတယ်။ မော်ရင်ဟိုဟာ ၂၀၁၆ခုနှစ်က ယူနိုက်တက်အသင်းကို ရောက်ရှိလာတုန်းက ၃နှစ်စာချုပ် ချုပ်ဆိုခဲ့သူဖြစ်ပြီး စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိတော့သူပါ။

ပြီးခဲ့တဲ့ နွေရာသီတုန်းကလဲ မော်ရင်ဟိုက ကစားသမားသစ် ၄ဦးခေါ်ယူပေးဖို့ တောင်းဆိုခဲ့ပေမယ့် ယူနိုက်တက် အသင်းက လူကာကူ၊ လင်ဒီလော့ဖ်နဲ့ မာတစ်တို့ ၃ဦးကိုသာ ခေါ်ယူနိုင်ခဲ့ပြီး ပါရီဆစ်ကိုတော့ အင်တာမီလန်အသင်း တောင်းဆိုတဲ့ ဈေးနှုန်းကို ငြင်းပယ်ခဲ့လို့ ခေါ်ယူနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ယူနိုက်တက် အသင်းကို တာဝန်ယူပြီးနောက် မော်ရင်ဟိုဟာ ပေါင်သန်း၃၀၀ကျော်အထိ သုံးစွဲထားခဲ့သော်လည်း ချန်ပီယံဖြစ်ရေးအတွက် လုံလောက်မှုမရှိဟုဆိုကာ မန်စီးတီးအသင်းရဲ့ ငွေကြေးသုံးစွဲမှုကို ထောက်ပြပြီး ငွေထပ်မံသုံးစွဲဖို့ တောင်းဆိုခဲ့သူဖြစ်ပါတယ်။

#ထက်အောင်

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။