Zayn Malik ကို Surprise Birthday Wish လုပ်ခဲ့တဲ့ Ryan Reynolds

Posted on - Jan 13 []

Mg Aung Kaung Zan

စာရေးသူ

Ryan Reynolds က ဆယ်လီဘရစ်တီ သူငယ်ချင်း Zayn Malik ကို Birthday Wish လုပ်ခဲ့တဲ့ ဗီဒီယိုကို Zayn က အင်စတာဂရမ်ပေါ်မှာ တင်ခဲ့ပါတယ်။ Zayn က ဒီဗီဒီယို ကို ဘာစာမှ မရေးထားပါဘူး။ ဗီဒီယိုထဲမှာ Ryan Reynolds က Deadpool လို ဝတ်ဆင်ခဲ့ပြီး သူ့ကိုယ်သူ Wade ဆိုပြီး ဇာတ်ကားထဲက ဇာတ်ကောင်အမည်ကို သုံးခဲ့ပါတယ်။

ဒါကတော့ သူရဲ့ Video ပါ။

"Zayn ငါက Wade ပါ။ လန့်မသွားပါနဲ့။ ငါ မင်းကို မွေးနေ့ဆုတောင်းလေး လုပ်ချင်လို့ပါ။ ငါမင်းကို surprise လုပ်မိတာကိုလည်း တောင်းပန်ပါတယ်။ သန်းခေါင်ကျော်နေပြီ ဆိုတာ ငါမသိခဲ့ဘူး။ မင်းရဲ့ အိပ်ခန်းထဲမှာ ဆိုတာလည်း ငါမသိခဲ့ဘူး။ အရမ်းကို အနုပညာ တီထွင်ဖန်တီးတဲ့ စိတ်ရှိတဲ့ မင်းရဲ့ လုံခြုံရေး လူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကဲပါ မင်း နဲ့ Mr. Tim Horton ပျော်ရွှင်တဲ့ မွေးနေ့ ဖြစ်ပါစေဗျာ။ မင်းက ကနေဒီယန်ကြီးနဲ့ မွေးနေ့တူတာပဲ။ ငါ သူ့ကို အရမ်းချစ်တယ်။" လို့ ဗီဒီယိုထဲမှာ Ryan Reynolds က ပြောခဲ့ပါတယ်။

Horton က ကနေဒီယန် လူမျိုး ဟော်ကီကစားသမား တစ်ယောက်ဖြစ်ပြီး 1974 မှာ ကားတိုက်မှု နဲ့ အသက်ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး NHL ကစားသမား 100 ထဲမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။

Ryan Reynolds ဟာ ပျော်စရာ trolling လုပ်တာတွေနဲ့ နာမည်ကြီးတဲ့သူ တစ်ယောက်ဖြစ်ပြီး အမြဲတမ်း Blake Lively ကို social media ပေါ်မှာ troll လုပ်တတ်သူ ဖြစ်ပါတယ်။

Ref : people
Zan(Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။