The Star Wars သရုပ်ဆောင် Ewan McGregor တစ်ယောက် ချစ်သူသစ်ကို တရားဝင်ထုတ်ပြလိုက်ပြီ

Posted on - Jan 13 []

Moon Moon

စာရေးသူ

The Star Wars ရဲ့သရုပ်ဆောင် Ewan McGregor တစ်ယောက် ဇနီးသည်နဲ့ကွဲကွာနေပြီးနောက် အခုအခါမှာတော့ သူ့ရဲ့ချစ်သူသစ်ကို အများရှေ့မှောက်တရားဝင်ထုတ်ပြလိုက်ပြီဖြစ်ပါတယ်။ သူကတော့ Critics' Choice Award မှာချစ်သူသစ်ဖြစ်တဲ့ သူ့ရဲ့တွဲဖက်သရုပ်ဆောင် Mary Elizabeth Winstead နဲ့ လူအများရှေ့မှာ နမ်းခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒါကြောင့်လည်း သူတို့နှစ်ဦးရဲ့ ဇာတ်လမ်းကို အားလုံးကပိုမိုရှင်းရှင်းလင်းလင်းသိသာနိုင်စေခဲ့တာပါတဲ့။

Ewan McGregor က ၁၉၉၅ ခုနှစ်ကတည်းက လက်တွဲခဲ့ပြီး ကလေးလေးဦးအထိရရှိထားတဲ့ ဇနီးသည် Eve Mavrakis နဲ့ ပြီးခဲ့တဲ့နှစ်ကတည်းကကွဲကွာနေတာပါ။ တရားဝင်ကွာရှင်းထားတာမျိုးမရှိသေးပေမယ့် သူတို့နှစ်ဦးလမ်းခွဲထားတယ်ဆိုတာကို အားလုံးကလည်း သိရှိထားပြီးဖြစ်ပါတယ်။ သူက ချစ်သူသစ် Mary Elizabeth Winstead တွဲနေတဲ့ဆိုတဲ့သတင်းတွေက ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမတိုင်မီကတည်းက ပျံ့နှံ့နေခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း အခုတစ်ကြိမ်မှာတော့ သူ့ရဲ့လုပ်ရပ်က ပိုမိုခိုင်မာစေခဲ့တာပါ။ ချစ်သူသစ်နဲ့အတူတွဲပြီး ပွဲတက်လာတဲ့အပြင် အခုလိုမျိုးအနမ်းပေးခဲ့တဲ့အခြေအနေနဲ့ အားလုံးကသူတို့တွေချစ်သူဆိုတာကို တရားဝင်သတ်မှတ်လိုက်ကြပါပြီ။

Ewan McGregor က ပွဲမှာဆုရရှိချိန် ချစ်သူသစ်ကို အနမ်းပေးခဲ့ပေမယ့် ဇနီးဟောင်း Eve Mavrakis ကိုလည်း မမေ့မလျော့ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ သူ့အနေနဲ့ Ev ကိုကျေးဇူးတင်ကြောင်းနဲ့ သူမကသူ့ဘေးမှာ ၂၂ နှစ်လုံးလုံးရပ်တည်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။ နောက်ပြီး သူ့ရဲ့အမှတ်တရအချိန်တွေကိုပေးခဲ့တဲ့ ဇနီးသည်ဟောင်း Ev နဲ့အတူ ကလေးတွေကိုလည်း သူကကျေးဇူးတင်စကားဆိုခဲ့တာပါ။ ဒါပေမယ့်အခုအချိန်မှာတော့ သူကချစ်သူသစ်နဲ့အတူ ချစ်ခင်ကြင်နာနေပြီး သူတို့အချစ်တွေပိုမိုခိုင်မြဲနေပါဦးမယ်လို့လည်း ဆိုခဲ့ပါသေးတယ်။

မိုမိုလေးပရိသတ်ကြီးရေ သူ့ရဲ့ချစ်သူသစ် Mary Elizabeth Winstead ကလည်း ၂၀၁၀ ခုနှစ်က Riley Stearns နဲ့အိမ်ထောင်ပြုခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကမှ တရားဝင်ကွာရှင်းခဲ့သူပါ။ ပြီးခဲ့တဲ့နှစ်ကတည်းက ခိုင်မြဲနေခဲ့တဲ့သူတို့နှစ်ဦးက နောက်ဆိုရင်လည်း ပိုပြီးအချစ်တွေတိုးနေကြဦးမယ်လို့ ပရိသတ်တွေကိုပြောကြားခဲ့ပါသေးတယ်။

ref:mirror
#HM

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။