ဖွေး​ဖွေးကို အားလုံးက ဘာလို့ချစ်​ကြတာလဲ

Posted on - Jan 13 []

Myint Myat

စာရေးသူ

စွယ်စုံရမင်းသမိီးတစ်ဦးဖြစ်တဲ့ ထပ်ဆင့်အကယ်ဒမီဖွေးဖွေးကတော့ သူမကိုမြင်သူတိုင်းကချစ်ကြတာမို့ ချစ်မွှေးပါ တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။သူမရဲ့ပွင့်လင်းတဲ့စိတ်ထားကလေးကြောင့်လဲ ပိုလို့တောင်ချစ်မိသွားကြမှာပါ။ဖွေးရဲ့အမည်အရင်းကတော့ ရွှေရည်ကိုဦးဖြစ်ပြီး သွေးအမျိုအစားကတော့ A ဖြစ်ပါတယ်။သူမရဲ့ပရိသတ်တွေကချစ်စနိုးနဲ့ ဖွေးစိန်လို့ခေါ်ကြတဲ့ ဖွေးကတော့အထက(၂)ကမာရွတ်မှ တက္ကသိုလ်ဝင်စာမေးပွဲကို ဂုဏ်ထူး ၂ ဘာသာနဲ့အောင်မြင်ခဲ့ပြီး ၂၀၀၈ခုနှစ်မှာတော့ YUFL မှ B.A(Korea) ဘွဲ့ကိုရရှိခဲ့တာပဲဖြစ်ပါတယ်။သရုပ်ဆောင်ပိုင်းမှာထူးချွန်လွန်းတဲ့ဖွေးရဲ့ငယ်ဘဝအိမ်မက်တစ်ခုကတော့ အဆိုတော်ဖြစ်ချင်တာပါ။ဖွေးစိန်လေးကို ဘာကြောင့်အချစ်ပိုနေရတာလဲဆိုတာ အဖြေရှာကြည့်ရအောင်နော်။

ဖြူစင်ပွင့်လင်းတဲ့စိတ်
ဂုဏ်ပကာသနတွေမရှိပဲနဲ့ ဟန်ဆောင်မှုကင်းတဲ့ ဖွေးစိန်လေးရဲ့အပြုအမူ၊ လှုပ်ရှားမှုတွေတိုင်းက သူမကိုပိုပြီးအချစ်တိုးလာစေတာပါ။

ပင်ကိုလှတဲ့ရုပ်ရည်
မိတ်ကပ်တွေရဲ့အကူအညီမလိုပဲ ပင်ကိုလှတဲ့သူမရဲ့ရုပ်ရည်ကလည်း ပရိသတ်တွေ သူမကိုချစ်ရတဲ့အကြောင်းအရင်းတစ်ခုပါပဲနော်။

ကျွမ်းကျင်ပီပြင်လွန်းတဲ့ သရုပ်ဆောင်စွမ်းရည်
ကျရာဇတ်ရုပ်ကို သေချာလေ့လာပြင်ဆင်ပြီး ကျွမ်းကျင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တာကြောင့်လည်း ပရိသတ်ရဲ့အချစ်တွေအားလုံးကို အပိုင်သိမ်းထားနိုင်တဲ့ အကြောင်းအရင်းတစ်ခုပါပဲနော်။

ချစ်စရာကောင်းတဲ့အပြုံး
ဖြူစင်လွန်းတဲ့သူမရဲ့ ချစ်စဖွယ်အပြုံးလေးကလည်း ဖွေးစိန်လေးကိုချစ်ရတဲ့အကြောင်းအရင်းတွေထဲကတစ်ခုပါ။အမြဲလိုလိုပြုံးနေတတ်ပြီး သူမပြုံးလိုက်ရင်တော့ မြင်ရသူတွေကိုပါ အပြုံးလေးတွေကူးစက်အောင်ဖန်တီးပေးနိုင်သူတစ်ဦးလဲဖြစ်ပါတယ်။

မင်းသမီးလေးတစ်ပါးလိုလှရက်လွန်းတဲ့သူမ
တစ်ခါတစ်ခါလွတ်လပ်ပေါ့ပါးစွာနေတတ်သလောက် တစ်ခါတစ်ခါမှာတော့ မင်းသမီးလေးတစ်ပါးလိုလှနေသူတစ်ဦးပါ။ဖွေးဖွေးကိုချစ်ကြတဲ့သူမရဲ့ပရိသတ်တွေအတွက်တော့ သူမရဲ့အလှက ဘယ်ပန်းချီမှရေးလို့မှီနိုင်မှာမဟုတ်ပါဘူးနော်။

အစားအသောက်မြင်ရင်ကလေးတစ်ယောက်လိုဟန်မဆောင်တတ်တဲ့သူမ
အစားကိုခင်တွယ်လွန်းတဲ့ ဖွေးစိန်လေးကတော့ စားစရာကိုမြင်နေရတယ်ဆိုရင်ပဲ ဟန်မဆောင်ပဲစားတတ်တဲ့သူမကိုတော့ ပရိသတ်တချို့က အစားပုပ်လေးဖွေးစိန်လို့ချစ်စနိုးကျီစယ်ပြီးခေါ်ကြပါသေးတယ်။

သူမကိုချစ်တဲ့ပရိသတ်တွေကိုလေးစားတန်ဖိုးထားတတ်တဲ့သူမ
သူမကိုချစ်လို့ ဖန်တွေကပေးကြတဲ့ လက်ဆောင်လေးတွေကိုတော့ သေးသေးကြီးကြီးတန်ဖိုးထားပြီးသိမ်းထားလေ့ရှိတဲ့ ဖွေးစိန်လေးကြောင့် ပရိသတ်တွေက အချစ်ပိုပြီးရင်းပိုနေကြတာပဲဖြစ်ပါတယ်။

နန်းဆန်လွန်းတဲ့သူမ
မြန်မာဝတ်စုံလေးတွေဝတ်ထားရင်တော့ နန်းဆန်ပြီးကျက်သရေရှိလွန်းလှတာကြောင့် ဖွေးစိန်လေးကိုတော့ မြန်မာဆန်ဆန်လေးကိုအမြဲဝတ်စေချင်ကြတာပါ။

ဘက်စုံထူးချွန်လွန်းတဲ့ဖွေး
သရုပ်ဆောင်ပိုင်း၊ အဆိုပိုင်းမှာသာမက မိတ်ကပ်ပိုင်းမှာပါ ထူးချွန်တဲ့သူမကတော့ အဘက်ဘက်ကပြည့်စုံသူတစ်ဦးပဲဖြစ်ပါတယ်။

"ဝစရာလိုရင်​ဝမယ်​၊ ပိန်​စရာလိုရင်​ပိန်​မယ်​​ ပရိသတ်​အတွက်​သာသူမ​နေထိုင်​သွားမယ်​"လို့ဆိုတဲ့​ပြည်​သူ့အချစ်​​တော်​​ဖွေးစိန်​​လေးက​တော့လက်​ရှိမှာအနုပညာအလုပ်​​တွေကိုကြိုးစားပြီးလုပ်​​နေပါတယ်။ဖွေးစိန်လေးကိုချစ်ကြတဲ့ မိုမိုလေးချစ်ပရိသတ်ကြီးကလဲ သူမကိုဘာကြောင့်ချစ်ရတယ်ဆိုတာလေးကိုရေးပေးခဲ့ပါဦးနော်။

Myint Myat

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။