2018 CRITICS' CHOICE AWARDS ပွဲက အမိုက်စားပုံရိပ်တွေ

Posted on - Jan 13 []

Moon Moon

စာရေးသူ

မိုမိုလေးပရိသတ်ကြီးရေ မနေ့က 2018 CRITICS' CHOICE AWARDS ပွဲရဲ့ RED CARPET မှာ အနုပညာရှင်တွေက အလှတွေပြိုင်နေကြပါတယ်။ ဖက်ရှင်ပုံရိပ်တွေအမျိုးမျိုးထဲကမှ အလှဆုံး အမိုက်ဆုံးဖက်ရှင်လေးတွေကို မိုမိုလေးပရိသတ်ကြီးအတွက် ရွေးချယ်ပေးမယ်နော်။ ပုံရိပ်လေးတွေလန်းလွန်းတော့ သဘောကျမှာလည်းအမှန်ပဲနော်။

MARY ELIZABETH WINSTEAD

မိုမိုလေးပရိသတ်ကြီးရေ အကောင်းဆုံးဇာတ်ပို့သရုပ်ဆောင် MARY ELIZABETH WINSTEAD တစ်ယောက် အရောင်စပ်ဂါဝန်ဖက်ရှင်လေးနဲ့ အရမ်းကိုလှပလွန်းနေပါတယ်။ သူမရဲ့အလှတရားတွေကိုလည်း ဒီဖက်ရှင်လေးက ပိုပြီးပြည့်စုံလွန်းနေပါတယ်။

MARGOT ROBBIE

မိုမိုလေးပရိသတ်ကြီးရေ The I, Tonya စတားတစ်ဦးဖြစ်တဲ့ MARGOT ROBBIE ဒီပွဲကို ရင်ပြတ်ဒီဇိုင်းဖက်ရှင်လေးနဲ့ ခပ်လန်းလန်းလေးတက်ရောက်လာပါတယ်။

YARA SHAHIDI

The Grown-ish စတား YARA SHAHIDI ကတော့ ဗေဒါရောင်ဂါဝန်လေးက အရမ်းလှနေတယ်ဟုတ်။ ချစ်စရာကောင်းတဲ့သူမရဲ့သွင်ပြင်လေးကို ဒီဝတ်စုံလေးက ပိုပြီးပေါ်လွင်နေစေပါတော့တယ်။

JESSICA CHASTAIN

အကောင်းဆုံးသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ JESSICA CHASTAIN ကလည်း ကျောက်စိမ်းရောင်ဖက်ရှင်လေးနဲ့ အဲ့ဒီနေ့ပွဲမှာ ပေါ်လွင်လှပလွန်းနေပါတယ်။

ANGELINA JOLIE

ဂျိုလီတစ်ယောက်ကတော့ အမြဲလန်း၊ အမြဲလှနေတဲ့သရုပ်ဆောင်တစ်ဦးပဲနော်။

LESLIE MANN

သရုပ်ဆောင် LESLIE MANN ရဲ့ဖက်ရှင်ကလည်း အရမ်းမိုက်တယ်ဟုတ်။

SAOIRSE RONAN

The Lady Bird ရဲ့အကောင်းဆုံးသရုပ်ဆောင် SAOIRSE RONAN ရဲ့ပွဲတက်ဝတ်စုံလေးကလည်း အရမ်းလှနေတာပဲနော်။

ALISON BRIE

The Disaster Artist စတား သရုပ်ဆောင် ALISON BRIE ကလည်း ဖက်ရှင်လန်းလန်းလေးနဲ့ပွဲတက်ခဲ့တာပါ။ ချစ်စရာပိုကောင်းမနေဘူးလား မိုမိုလေးပရိသတ်ကြီး။ မိုမိုလေးပရိသတ်ကြီးရေ ဒီဖက်ရှင်တွေကတော့ ချစ်စရာကောင်းပြီး လှပတဲ့ဖက်ရှင်လေးတွေကို ရွေးထုတ်ပေးထားတာပါတဲ့။ ပွဲတက်ဖက်ရှင်တွေထဲက ဘယ်ဝတ်စုံလေးကို အကြိုက်ဆုံးလဲရွေးကြည့်ပေးပါဦးလား။

ref:eonline
#HM

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။