ညီအစ်ကိုနောက်ပိုင်းဇာတ်ဝင်ခန်းတွေမှာ သူလေးမပါတော့ဘူးတဲ့

Posted on - Jan 13 []

Moon Moon

စာရေးသူ

မိုမိုလေးပရိသတ်ကြီးရေ ဒီကလေးလေးကို မြင်လိုက်တာနဲ့ အားလုံးကချစ်ခင်ကြတယ်မဟုတ်လား။ သူကတော့ မြန်မာပရိသတ်တွေရဲ့ အချစ်တော်လေး အွန့်ရို့ပါပဲ။ ညီအစ်ကိုဇာတ်လမ်းတွဲကို အားပေးကြတဲ့ ပရိသတ်တွေက သူ့ကြောင့်လည်း ဒီဇာတ်လမ်းလေးကို ပိုပိုအားပေးမိကြတယ်ဆိုရင်လည်း အမှန်ပဲလေ။ သူ့ရဲ့နာမည်ရင်းက Simon Pineda ဆိုပေမယ့် သူ့ကို အွန်ရို့လို့ပဲခေါ်ကြသူများပါတယ်တဲ့။ ညီအစ်ကိုဇာတ်လမ်းမှာ ကာဒိုနဲ့အွန်ရို့တကယ့်ကို အတွဲညီညီသရုပ်ဆောင်ပိုင်းတွေကောင်းမွန်ပြီး ဇာတ်ရှိန်တွေမြင့်မြင့်လာနေရတာပါ။ ဒါပေမယ့် နောက်ပိုင်းမှာဇာတ်ဝင်ခန်းတွေမှာ တော့ အွန်ရို့တစ်ယောက် ကာဒို့ဘ၀ထဲကနေ ပျောက်ကွယ်သွားတော့မှာပါ။

ညီအစ်ကိုဇာတ်လမ်းမှာ အက်ရှင်တွေနဲ့ ခပ်မိုက်မိုက်ကြည့်ရှုရတဲ့အပြင် ပညာပေးတွေ၊ သံယောဇဉ်မေတ္တတရားတွေကိုလည်း ဖော်ကျူးပြသနေတာပါ။ ကာဒိုနဲ့ အွန်ရို့ဆိုတဲ့ဆက်ဆံရေးမှာလည်း ငယ်စဉ်ကတည်းက မိဘမရှိတော့တဲ့ အွန်ရို့ကို ကာဒိုကမွေးစွားခဲ့ပြီး နောက်ပိုင်းမှာ ကာဒိုရဲ့မိသားစုကပါ အွန်ရို့ကိုသူတို့မိသားစုဝင်တစ်ဦးအဖြစ် ချစ်ချစ်ခင်ခင်နဲ့ပျိုးထောင်ပေးခဲ့ကြတာမဟုတ်လား။ ဒါပေမယ့်လည်း ဇာတ်လမ်းအလှည့်အပြောင်းနဲ့ နောက်ပိုင်းမှာတော့ အွန်ရို့ရဲ့မိခင်ကပေါ်ပေါက်လာဦးမှာပါ။

မိခင်ဖြစ်သူက အွန်ရို့ကိုလိုက်ရှာပြီး ပြန်လည်တွေ့ရှိတဲ့အခါမှာတော့ ကာဒိုတို့ဆီကနေ သူ့ရဲ့သားလေးကို ပြန်ခေါ်ချင်ခဲ့ပါတယ်။ ပထမအကြိမ်မှာတော့ ကာဒိုအပါအ၀င်မိသားစုဝင်တွေအားလုံးက သူတို့ချစ်ခင်သံယောဇဉ်တွယ်တာနေရတဲ့ ဒီကလေးကို ပြန်မပေးခင်ပါဘူး။ ဒါပေမယ့် ဒုတိယအကြိမ်မှာတော့ ကာဒိုကိုယ်တိုယ်သူ့မိခင်ရှိရာဆီ အွန်ရို့ကိုပို့ဆောင်ပေးခဲ့ပါတယ်။ ဒီဇာတ်လမ်းမှာ အွန်ရို့ကိုအဲ့ဒီလိုဖယ်ထုတ်လိုက်တဲ့အပေါ် အားလုံးကမယုံကြည်နိုင်အောင်ဖြစ်ခဲ့ကြရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ကလေးတစ်ယောက်က သူ့မိခင်ရင်းနဲ့အတူ နေထိုင်ကြီးပြင်းဖို့လိုတယ်ဆိုတဲ့ ခံစားချက်၊ မိခင်နဲ့အတူ စည်းစည်းလုံးလုံးရှိသင့်တယ်ဆိုတဲ့ ခံစားချက်ပိုပေးနိုင်ဖို့ ဒီလိုမျိုးထည့်သွင်းရတာဖြစ်တယ်လို့ ရှင်းလင်းခဲ့တာပါ။

အွန်ရို့ရဲ့ဇာတ်ကြောင်း

မိုမိုလေးပရိသတ်ကြီးရေ အွန်ရို့ကလေးသရုပ်ဆောင်လေးက အသက်ငယ်တယ်ဆိုပေမယ့် ဖိလစ်ပိုင်ရဲ့အကောင်းဆုံးကလေးသရုပ်ဆောင်ဆုအပြင် ထူးချွန်ဆုတွေ ငါးခုကိုပိုင်ဆိုင်ထားသူပါ။ အချို့ဆုတွေအတွက်တော့ လျာထားခံရပြီးမှ ဆုတံဆိပ်နဲ့ လွဲချော်ခဲ့ရတာတွေလည်းရှိပါတယ်။ လက်ရှိမှာလည်းသူက Bibo Award အတွက် လျာထားစာရင်းမှာပါဝင်နေပြီး ဆုရ၊ မရဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။ သူက ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှာ မွေးဖွားသူလေးပါ။ ၂၀၁၄ ခုနှစ်မှာ It's Showtime ပြိုင်ပွဲဝင်ရင်း MiniMe Bamboo 2nd Runner Up ရရှိပြီးစတင်ဝင်ရောက်လာခဲ့တာပါ။ ညီအစ်ကိုဇာတ်လမ်းတွဲက သူ့ရဲ့ပထမဆုံးသရုပ်ဆောင်ခြေလှမ်းပါပဲ အဲ့ဒါကြောင့်လည်း သူ့ကိုအွန်ရို့အဖြစ်အားလုံးက ချစ်စနိုးနဲ့ခေါ်ကြတာပါ။

မိုမိုလေးပရိသတ်ကြီးရေ လက်ရှိအချိန်အထိ ရိုက်ကူးပြသနေဆဲ ညီအစ်ကိုဇာတ်လမ်းတွဲမှာ အွန်ရို့လေးကတော့ ၂၀၁၇ ခုနှစ်အထိသာပါဝင်ခွင့်ရခဲ့တာပါ။ မိုမိုလေးပရိသတ်ကြီးက အွန်ရို့ကိုချစ်တယ်ဆိုရင် သူလေးပါဝင်နေတဲ့ဇာတ်ဝင်ခန်းတွေကို မလွတ်တမ်းကြည့်ထားလိုက်တော့နော်။ ချစ်စရာကောင်းတဲ့ အွန်ရို့လေးကို ချစ်တယ်ဆိုရင်လည်း ပြန် Share သွားလိုက်ပါဦးနော်။

ref:healthstagram
#HM

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။