ဂုဏ်သိက္ခာအရ အနိုင်ကစားရတော့မယ့် ရီးရဲမက်ဒရစ်

Posted on - Jan 13 []

Thar Lay Htet Aung

စာရေးသူ

ရီးရဲမက်ဒရစ် အသင်းဟာ ယနေ့ည၉း၄၅မှာ စပိန်လာလီဂါ ပွဲစဉ်၁၉အဖြစ် ဗီလာရီးရဲနဲ့ ယှဉ်ပြိုင်ကစား ရတော့မှာပါ။ လာလီဂါမှာ ရလဒ်တွေ ဆိုးရွားနေတဲ့ ရီးရဲမက်ဒရစ်အတွက် ဒီပွဲစဉ်ဟာ ဂုဏ်သိက္ခာအရ မဖြစ်မနေ အနိုင်ကစားရတော့မယ့် ပွဲစဉ်တစ်ပွဲ ဖြစ်လို့နေပါတယ်။

ရီးရဲအသင်းအနေဲ့ အဓိကပြိုင်ဘက် ဘာစီလိုနာနဲ့ ၁ပွဲလျော့ ၁၆မှတ်အထိ ကွာဟနေတာကြောင့် ချန်ပီယံဆုကို လက်လွှတ်ရဖို့က သေချာသလောက် ရှိနေပါတယ်။ နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းကျဆင်းလာပြီး ရလဒ်တွေပါ ဆိုးရွားလာတဲ့အပြင် ယခုယှဉ်ပြိုင်ရမယ့် ဗီလာရီးရဲ အသင်းဟာလဲ ခြေစွမ်းမာတဲ့ အသင်းဖြစ်လို့ ရီးရဲအသင်းကို အခက်တွေ့စေနိုင်ပါတယ်။

ဒီပွဲစဉ်မှာ ရီးရဲမက်ဒရစ် အသင်းသာ အမှားအယွင်း တစ်ခုခု ဖြစ်ခဲ့ဦးမယ်ဆိုရင် အဆိုးရွားဆုံး အခြေအနေတစ်ရပ်ကို ရောက်ရှိသွားနိုင်ပြီး နည်းပြဇီဒန်းရဲ့ အနာဂတ်ဟာလဲ ပြောင်းလဲသွားနိုင်ပါတယ်။ ဒ့ါကြောင့် အိမ်ကွင်းမှာ ဂုဏ်သိက္ခာအရ မဖြစ်မနေ နိုင်ပွဲတစ်ပွဲလိုအပ်နေတဲ့ ရီးရဲမက်ဒရစ်အသင်း အနိုင်ရလဒ်တစ်ခုကို ရရှိသွားမလား ဆိုတာကိုတော့ ယနေ့ညမှာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

#ထက်အောင်

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။