ကြွေပြီကွီးရယ် ...

Posted on - Jan 13 []

Moon Moon

စာရေးသူ

မိုမိုလေးပရိသတ်ကြီးရေ အခုမြင်နေရတဲ့ပြည်သူ့အချစ်တော်မင်းသားက ဘယ်ဇာတ်ကားမှာပါတဲ့သူလဲဆိုတာ မှန်းကြည့်ပေးပါလား။ တကယ့်ကိုစမတ်ကျပြီး ကြည့်ကောင်းတဲ့ကွီးတစ်ယောက်ဆိုတာ ငြင်းလို့မရဘူးဟုတ်။ အခုလောက်ဆိုသူဘယ်သူလဲဆိုတာ မိုမိုပရိသတ်ကြီးလဲ သိကြပြီထင်ပါတယ်။ ဟုတ်ပါတယ်။ မင်းသားရာမသရုပ်ဆောင်သူပေါ့။ သူ့ရဲ့နာမည်ရင်းကလည်း Ashish Sharma ပါတဲ့။ ရာမနဲ့တောင်နာမည်ချင်းခပ်ဆင်ဆင်ရယ်။ အဲ့ဒါကြောင့်လည်း သူ့ရဲ့အကျော်ကြားဆုံးဇာတ်ရုပ်က ရာမ ဇာတ်ရုပ်နဲ့အကျော်ကြားဆုံးဖြစ်နေတာနေမှာနော်။

တကယ်နော် အကြည့်တစ်ချက်နဲ့တင် ကြွေဆင်းသွားမယ်။ အဲ့ဒါကြောင့်လည်း ဇနီးချောလေးက သူ့ကို သိပ်ချစ်တာနေမှာ။ မိုမိုလေးပရိသတ်ကြီးရေ သူ့မှာတော့ ချစ်သူဘ၀ကနေ ဘ၀လက်တွဲဖော်အဖြစ်ရွေးချယ်ထားတဲ့ ဇနီးချောလေး Archana Taide ရှိပါတယ်။ သူမကလည်း သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ ရုပ်သံဇာတ်လမ်းတွဲတွေရဲ့ သရုပ်ဆောင်တစ်ဦးပေါ့။ သူတို့နှစ်ဦးက ၂၀၁၃ ခုနှစ်မှာ ဘ၀တသက်တာအတွက် ရည်ရွယ်ပြီး လက်တွဲခဲ့ကြတာပါတဲ့။ တစ်ဦးကိုတစ်ဦးလည်း သိပ်ချစ်ကြတဲ့သူတို့စုံတွဲက အနုပညာနဲ့ပတ်သက်ပြီးတော့လည်း တစ်ဦးနဲ့တစ်ဦး အကြံဥာဏ်တွေရယူပြီး ဆိုးတိုင်ပင်ကောင်းတိုင်ပင် ရှိကြသူတွေလို့ ဆိုပါတယ်။

ရာမမင်းသား Ashish Sharma ကတော့ ၁၉၈၄ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့ဖွားတစ်ဦးပါ။ သူအနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တာကတော့ ၂၀၁၀ ခုနှစ်မှာဖြစ်ပါတယ်။ ပထမဆုံးဇာတ်ကားအနေနဲ့ Love Sex Aur Dhoka ဆိုတဲ့ ဇာတ်ကားမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး သူ့ရဲ့ပထမဆုံးရုပ်သံဇာတ်လမ်းတွဲကတော့ Gunahon Ka Devta ဆိုတဲ့ဇာတ်လမ်းပါ။ သူ့ရဲ့အကျော်ကြားဆုံး ရာမဇာတ်လမ်းတွဲအပြင် ရုပ်သံဇာတ်လမ်းပေါင်း ရှစ်ခုနဲ့ ဇာတ်ကားပေါင်း ငါးကားကို ရိုက်ကူးထားပါတယ်။ သူကအိန္ဒိယရဲ့ထူးချွန်ဆုတွေအတွက်လည်း အကြိမ်ကြိမ်လျာထားခံရသူဖြစ်ပြီး သူလက်ဝယ်ပိုင်ဆိုင်ရတဲ့ဆုတံဆိပ်တွေကတော့ လေးခုထက်မနည်းရှိထားပါသတဲ့။

နောက်ပြီးသူက အိန္ဒိယရဲ့အကျော်ကြားဆုံးမင်းသားတွေစာရင်းမှာလည်း ပါဝင်သူတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။ မိုမိုလေးပရိသတ်ကြီးရေ သူရဲ့ဝါသနာကတော့ထူးဆန်းတယ်နော်။ ဘာလို့လဲဆိုတော့ သူကစာဖတ်တာနဲ့ နေကာမျက်မှန်တွေကို စုဆောင်းရတာဝါသနာပါသူဖြစ်လို့ပါ။ နောက်ပြီး သူ့ရဲ့အကြိုက်ဆုံးအရောင်တွေဆိုရင်တော့ အ၀ါရောင်နဲ့အပြာရောင်ကို အနှစ်သက်ဆုံးသူတစ်ဦးလို့ဆိုပါတယ်။

ကွီးရဲ့အလန်းစားပုံရိပ်တွေနဲ့ ကြွေရအောင်

မိုမိုလေးပရိသတ်ကြီးရေ အလန်းစားကွီးက မင်းသားရာမဇာတ်လမ်းမှာ ဇနီးသည်ကိုစွန့်ပစ်ပြီး ဇနီးသီတာမရှိတဲ့နောက်ပိုင်း ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရဦးမယ်ဆိုတာကို သရုပ်အကောင်းမွန်ဆုံး အပီပြင်ဆုံးဇာတ်ကွက်တွေနဲ့ ဆက်လက်ကြည့်ရဦးမှာပါနော်။ ဒီဇာတ်လမ်းလေးပြီးရင်လည်း အခု ၂၀၁၈ ခုနှစ်ထဲမှာ Prithvi Vallabh ဆိုတဲ့ဇာတ်လမ်းနဲ့ စစ်ဘုရင်ဇာတ်ရုပ်ကို ဘယ်လိုပီပီပြင်ပြင်သရုပ်ဆောင်ထားဦးမယ်ဆိုတာကို ခံစားကြည့်ရှုကြရဦးမှာပါနော်။

#HM

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။