သူမဘာကြောင့် Single ဖြစ်နေရသလဲဆိုတာနားမလည်တဲ့ Jang Nara

Posted on - Jan 12 []

Theingi Kyaw

စာရေးသူ

တောင်ကိုရီးယားရဲ့နာမည်ကြီး မင်းသမီးချောဖြစ်သူ Jang Nara ဟာ သိပ်မကြာခင်ကပြုလုပ်ခဲ့တဲ့ အင်တာဗျုးတစ်ခုမှာ သူမဘာကြောင့် တစ်ယောက်တည်း Single ဖြစ်နေရသလဲဆိုတာ နားမလည်နိုင်ဘူးလို့ပြောခဲ့ပါတယ်။

သူမဟာ သူမအသက်အရွယ်နဲ့ Dateလုပ်တဲ့အကြောင်းကို January လ ၁၂ရက်ကပြုလုပ်ခဲ့တဲ့ Entertainment Relay ကအင်တာဗျုးမှာဖြေကြားခဲ့ပါတယ်။ သူမပြောခဲ့တာက “ကျွန်မက ၁၉၈၁ မတ်လမှာမွေးဖွားခဲ့တာပါ။(သူမအသက်၃၇နှစ်ရှိပါပြီ။) ဒီအသက်အရွယ်ဟာ ရုပ်သံထုတ်လွှင့်ဖို့မသင့်တော်တော့ပါဘူး" တဲ့။ ထပ်ပြီးတော့သူမရဲ့ငယ်ရွယ်နုပျိုတဲ့ရုပ်ရည်နဲ့ပတ်သတ်ပြီးတော့လည်း “မိတ်ကပ်ကြောင့်ပါပဲ။မိတ်ကပ်ကြောင့်ကျွန်မရဲ့ရုပ်ရည် ပိုဆိုးသွားနိုင်သလို ပိုပြီးလည်းချောလာနိုင်ပါတယ်။” လို့ဖြေဆိုခဲ့ပါတယ်။

Nara ဟာ Romantic Comedy ဘုရင်မလို့ခေါ်ရလောက်အောင် Romantic ကျတာနဲ့ချစ်ဖို့ကောင်းတာကိုတပြိုင်နက်တည်းပိုင်ဆိုင်ထားတာနဲ့ပတ်သတ်ပြီး “အဲ့ဒီလိုသတင်းကြားရတာဝမ်းသာစရာပါပဲ။ ပြီးတော့ ကျွန်မမှာဘာကြောင့်ရည်းစားမရှိရသလဲ နားမလည်နိုင်ပါဘူး။ ကျွန်မကိုယ်ကျွန်မ မိန်းမတစ်ယောက်အနေနဲ့လည်းအဆင်ပြေတယ်လို့ထင်ပါတယ်။ အခုထက်ထိ ကျွန်မအတွက်ထိုက်တန်တဲ့အမျိုးသားမတွေ့သေးဘူးလို့ထင်ပါတယ်.။ “ လို့ပြောကြားသွားခဲ့ပါတယ်။ အားမငယ်ပါနဲ့ Jang Nara ရေ။ ၂၀၁မှာ ဖူးစားရှင်ကိုတွေ့ချင်တွေ့နိုင်မှာပါ။ Fighting နော်။

Gi Gi (momolay)
Ref : allkpop

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။