အမှားထဲက သင်္ခန်းစာရပြီး သရုပ်ဆောင်ဆိုတာ စပရိန်လိုပဲ ဆိုတဲ့ ထက်ထက်ထွန်း

Posted on - Jan 12 []

A War Yaung

စာရေးသူ

Miss Universe Myanmar ထက်ထက်ထွန်းကတော့ အနုပညာလောကမှာ ၈ နှစ်ဝန်းကျင်ရှိခဲ့ပြီဖြစ်ပြီး အခုဆိုရင် ဇာတ်ကားတွေလဲ ရိုက်လာပြီဖြစ်တဲ့ သူမက အနုပညာလောကက ထွက်သွားဖို့ စိတ်ကူး လုံးဝမရှိဘဲ အကောင်းဆုံး ကြိုးစားသွားမယ်လို့ သိရပါတယ်။ ချစ်ခြင်းစတုဂံ ရုပ်သံဇာတ်လမ်းတွဲမှာ လေယာဉ်မယ် တစ်ယောက်အနေနဲ့ သရုပ်ဆောင်ရင်း ဖိနပ်စီးတဲ့ကိစ္စနဲ့ ဝေဖန်မှုတွေ ခံခဲ့ရတဲ့အပေါ် အမှားထဲကနေ သင်္ခန်းစာရပြီး သရုပ်ဆောင်ဆိုတာ စပရိန်လိုပါပဲလို့ ဖွင့်ဟလာခဲ့ပါတယ်။

ဇာတ်ကားတွေ ဆက်တိုက်ရိုက်လာခဲ့ပြီ ဖြစ်တဲ့ ထက်ထက်ထွန်းက ဗီလိန်ဇာတ်ရုပ်မျိုးတွေ၊ အက်ရှင်ဇာတ်ရုပ်မျိုးတွေနဲ့ ဟောင်ကောင်ဂျက်မလို စိန်ခေါ်မှုရှိတဲ့ ကာရိုက်တာမျိုးတွေ ရိုက်ချင်တယ်လို့ သိရပါတယ်။ ပရိသတ်တွေက ဘယ်လိုပုံစံမျိုးနဲ့ တွေ့ချင်လဲဆိုတာ နားစွင့်ထားပြီး အကောင်းဆုံး ကြိုးစားသွားမယ်တဲ့လေ။

လတ်တလောမှာတော့ ထက်ထက်ထွန်းက ညစ်တွန်းရုပ်ရှင်ကားကြီး လူကြီးလူကောင်း ဇာတ်ကားတွေကို ရိုက်ကူးလျက်ရှိပြီး Mrtvမှာ ထုတ်လွှင့်ပြသနေတဲ့ ပန်းနှစ်ပွင့်စီးခြင်း ဇာတ်လမ်းတွဲမှာ ရှေ့နေမလေး အနေနဲ့ သရုပ်ဆောင်ထားပါတယ်။

ထက်ထက်ထွန်းကိုလဲ ဝန်းရံပေးကြဦးနော် မိုမိုလေးချစ် ပရိသတ်ကြီးရေ။

မျက်ပြေ(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။