ဗုဒ္ဓဘာသာဝင်တိုင်း ကြည့်သင့်တဲ့ Along With the Gods: The Two Worlds ရုပ်ရှင်ဇာတ်ကား

Posted on - Jan 12 []

မြတ် သူ

စာရေးသူ

ကိုရီးယားရုပ်ရှင်ဇာတ်ကားတွေထဲမှာ Along With The Gods ဇာတ်ကားဟာလည်း မဖြစ်မနေစောင့်ကြည့်သင့်တဲ့ ကိုရီးယားရုပ်ရှင်ဇာတ်ကားတွေထဲက တစ်ကားအပါအပင်ဖြစ်ပါတယ်။ မဖြစ်မနေကြည့်သင့်တဲ့ အကြောင်းအရင်းကတော့ ဒီဇာတ်ကားဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ငရဲကြီး(၈)ထပ်နဲ့ ပတ်သက်တဲ့ ဘာသာရေးအယူအဆတော်တော်များများကို ထည့်သွင်းရိုက်ကူးတင်ဆက်ထားတာကြောင့်ပါ။

Along With The Gods ဇာတ်ကားကို နာမည်ကျော် 200 Pounds Beauty ဇာတ်ကားရဲ့ Director Kim Yong-hwa ရိုက်ကူးထားပြီး ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ Ha Jung-woo, Cha Tae-hyun, Ju Ji-hoon နဲ့ Kim Hyang-gi တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လန်းအကျဉ်းကတော့ ... သူရဲကောင်းစိတ်ဓာတ်ရှိတဲ့ မီးသတ်သမား Ja Hong ဟာ မီးသတ်ရင်း မတော်တဆဖြစ်ပြီး သေဆုံးသွားခဲ့ပါတယ်။ သေဆုံးသွားခဲ့ပြီး တမလွန်ကိုရောက်ရှိသွားတဲ့အခါမှာ နောက်ဘ၀အတွက် လူပြန်ဝင်စားနိုင်ဖို့ ငရဲပြည်က ငရဲကြီး(၇)ထပ်ကို ကျော်ဖြတ်ရမှာဖြစ်ပါတယ်။ ငရဲ တစ်ထပ်စီတိုင်းကိုကျော်ဖြတ်ဖို့  Ja Hong ကို လိုက်လံစောင့်ရှောက်ပေးမဲ့ အစောင့်အရှောက်တွေကတော့ Gang Rim (Ha Jung Woo), Haewonmak (Ju Ji Hoon) နဲ့  Dukchun (Kim Hyang Gi) တို့ ပဲဖြစ်ပါတယ်။ သူတို့ (၃)ယောက်ဟာ Ja Hong က လူ့ ပြည်တုန်းက အပြစ်ကင်းတဲ့ လူသားတစ်ယောက်ဖြစ်ခဲ့ကြောင်းကို ငရဲတစ်ထပ်စီတိုင်းမှာ သက်သေပြပေးရမှာဖြစ်ပါတယ်။ Ja Hong တစ်ယောက် ငရဲကြီး(၇) ထပ်ကနေ ဘယ်လို လွတ်မြောက်နိုင်မလဲဆိုတာကိုတော့ ....

Along With The Gods ဇာတ်ကားကို 2017, December လ (၂၀) ရက်နေ့ မှာ ကမ္ဘာအနှံ့ ရုံတင်ပြသခဲ့ပြီးဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် Budget US$36.6 million နဲ့ အကုန်အကျခံရိုက်ကူးထားတာဖြစ်ပြီး ရုံတင်ဝင်ငွေ US$91.2 million ကျော် ပြန်လည်ရရှိထားပြီမို့ ဝင်ငွေအခြေအနေအရကောင်းတယ်လို့ ဆိုရမှာပါ။ Along With The Gods: The Two Worlds ဇာတ်ကားဟာ CGI Effect တွေလှိုင်လှိုင်သုံးထားပြီး ငရဲကြီး(၇)ထပ်ကို Effect တွေ သေသေချာချာဖန်တီးပြထားတာမို့ ကိုရီးယားချစ်ပရိသတ်တွေနဲ့ ဗုဒ္ဓဘာသာဝင်တိုင်း လက်မလွှတ်ပဲ ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

Along With the Gods: The Two Worlds Trailer

Ref : StraitsTimes
Myat Thu ( Momolay )

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။