ဗိုလ်နေတိုးရုပ်ရှင်ကားကန်တော့ပွဲမှာတွေ့ရတဲ့ နေတိုးနဲ့အနုပညာရှင်များ

Posted on - Jan 12 []

Myint Myat

စာရေးသူ

လူစွမ်းကောင်းရုပ်ရှင်ထုတ်လုပ်ရေးမှ ဒါရိုက်တာစတီးလ် (ဒွေးမေတ္တာ)ရိုက်ကူးမည့် ဗိုလ်နေတိုးရုပ်ရှင်ဇတ်ကားကြီးမှာ နေတိုး၊ ဇင်ဝိုင်း၊ နေမျိုးအောင်၊ ထူးခြား၊ ထွန်းကိုကို၊ သက်မွန်မြင့်၊ပိုင်ဖြိုးသု၊ နန်းခင်ဇေယျာနဲ့ အနုပညာရှင်များစွာပါဝင်သရုပ်ဆောင် ကြမှာပါ။ဗိုလ်နေတိုးရုပ်ရှင်ဇတ်ကားကြီးအတွက် ကန်တော့ပွဲမှာတွေ့ရတဲ့အနုပညာရှင်တွေရဲ့ပုံရိပ်လေးတွေကို နေတိုးက သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ပရိသတ်တွေကို ဆုမွန်ကောင်းတောင်းပေးရင်း တင်ထားတာပါ။နေတိုးရဲ့ဆုတောင်းစကားကြောင့် နေတိုးကိုချစ်တဲ့ပရိသတ်ကြီးကလဲ ပျော်နေကြတာပဲဖြစ်ပါတယ်။

ကန်တော့ပွဲမှာတွေ့ရတဲ့ အနုပညာမောင်နှမတွေရဲ့ပုံရိပ်တွေကတော့ နွေးထွေးအသက်ဝင်လွန်းလှပါတယ်။လက်ရှိမှာတော့တည်ငြိမ်အေးချမ်းတဲ့ဘဝကိုပိုင်ဆိုင်ထားတဲ့ နေတိုးရဲ့အချစ်ရေးကတော့ ငြိမ်သက်ဆဲဖြစ်ပါတယ်။ကျရာဇတ်ရုပ်ကို ပီပြင်လွန်းတဲ့နေတိုးကတော့ ဇတ်ကားတိုင်းလိုလိုမှာနေရာယူထားနိုင်တာပါ။

ဝါရင့်အနုပညာရှင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ကြမယ့် ဗိုလ်နေတိုးရုပ်ရှင်ဇတ်ကားကြီးဟာဆိုရင်တော့ စိတ်ဝင်စားဖွယ်စောင့်ကြည့်ကြရမယ့် ကားကောင်းလေးတစ်ကား ဖြစ်လာနိုင်တာကြောင့် စောင့်မျှော်ကြည့်ရှုကြရအောင်လား ချစ်ပရိသတ်ကြီးရေ။မိုမိုလေးရဲ့ ချစ်ပရိသတ်ကြီးတွေအတွက်လဲ ဗိုလ်နေတိုးရုပ်ရှင်ဇတ်ကားကြီးကန်တော့ပွဲမှပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

Myint Myat

Source:Nay Toe FB

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။