အတိုအပြတ်တွေ ဆင်လွန်းတဲ့ SM ရဲ့စတိုင်လစ်တွေကို ပရိသတ်တွေဝေဖန်

Posted on - Jan 12 []

Myatsu Nyein

စာရေးသူ

ယခုနှစ်ကျင်းပတဲ့ ၃၂ ကြိမ်မြောက် Golden Disc Awards ဆုပေးပွဲမှာ Taeyeon နဲ့ Red Velvet အဖွဲ့ဝင်တွေ ၀တ်ဆင်ခဲ့တဲ့ ၀တ်စုံလေးတွေဟာ တိုလွန်းလို့ ပရိသတ်တွေ စိတ်မချမ်းမြေ့ဖြစ်ခဲ့ရပါတယ်။ Idols တွေ မလှမပဖြစ်စေလို့ မဟုတ်ပါဘူး။ ၀တ်စုံလေးတွေဟာ တိုလွန်းတာကြောင့် လှေကားထစ်ပေါ်တက်တဲ့အခါ ခြေထောက်တွေကို သတိထားကာ ဖုံးဖိတက်ခဲ့ရတာကြောင့် Idols တွေကို အဆင်မပြေဖြစ်စေလို့ ပရိသတ်တွေက စတိုင်လစ်တွေကို ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။

Taeyeon ရဲ့ ၀တ်စုံလေးဟာလည်း သူ့ရဲ့ ဖြူစင်အပြစ်ကင်းတဲ့ ပုံရိပ်ကို ပေါ်လွင်စေပေမယ့် ၀တ်စုံဟာ တိုလွန်းနေတာကြောင့် Taeyeon တစ်ယောက် မသက်မသာဖြစ်နေတဲ့ အမူအယာကို ကင်မရာမှာမပေါ်အောင် ပြုံးပြနေခဲ့တာကိုလည်း ပရိသတ်တွေက ရိပ်စားမိခဲ့ပါတယ်။

Idols တွေ ခြေတံလှတာ ပရိသတ်တွေသိပြီးသားမို့ ယုံကြည်မှုရှိရှိနဲ့ ခြေလှမ်းတွေလှမ်းနိုင်အောင် SM စတိုင်လစ်တွေ လုပ်ပေးသင့်တယ်လို့ မြင်မိပါတယ်။ မိုမိုလေး ပရိသတ်တွေကရော ဘယ်လိုမြင်ပါသလဲ ?

Myat Su Nyein
Ref : kstarlive

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။