အရပ်ရှည်အောင်လို့ ရေသွားကူးတဲ့ ဖြူဖြူထွေး

Posted on - Jan 12 []

Myint Myat

စာရေးသူ

လက်တလောမှာတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုနဲ့ ဝေဖန်မှုတွေကိုပါ ရရှိနေတဲ့ ဖြူဖြူထွေးဟာ သူမရဲ့အကကျွမ်းကျင်မှုတွေကြောင့် လူသိများလာတာပါ။ အနုပညာပါရမီပါတဲ့ ဖြူဖြူထွေးကတော့ အကတွေကိုရော သရုပ်ဆောင်ပညာကိုပါ သင်စရာမလိုပဲတတ်နေသူတစ်ယောက်ပါ။တီးလုံးသံကြားရင်မနေနိုင်ပဲ ကတတ်တဲ့တာကြောင့် သူမရဲ့အနုပညာပိုးကတော့ မသေးလှပါဘူးနော်။ဒါတင်မကသေးပါဘူး မိဘတွေနဲ့အဝေးမှာနေရတဲ့ နယ်သူတစ်ဦးဖြစ်တဲ့ ဖြူဖြူထွေးကတော့ အခက်အခဲတွေကြားထဲမှ ဘဝကိုရုန်းကန်နေရသူတစ်ဦးပါ။ ကလေးတစ်ယောက်လို ချစ်စရာကောင်းတဲ့မျက်နှာလေး နဲ့ဖြူဖြူထွေးကို ချစ်ကြတဲ့ပရိသတ်ကြီး အတွက် အရပ်ရှည်အောင်လို့ရေသွားကူးနေတဲ့ သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဖြူဖြူထွေးကတော့ သူမရဲ့ရိုးသားစွာရှာဖွေထားတဲ့ အနုပညာလုပ်အားခတွေကို မိဘကိုအကုန်ပြန်အပ်တာကြောင့် ပိုက်ဆံပြတ်သွားတိုင်း အလုပ်တွေပေါ်ပေါ် လာလေ့ရှိပါတယ်တဲ့ ။သူမကတော့ တစ်ခါတစ်ခါ သူ့ကိုဆဲကြတာတွေအတွက်လဲ ပျော်မယ်ဆိုရင်လုပ်ကြပါလို့ ရင်ဖွင့်ထားပြီး သူမရဲ့မိဘတွေကိုတော့ သိသွားမှာစိုးရိမ်လို့နေပါတယ်။

စိတ်ထဲရှိတဲ့အတိုင်း ပွင့်လင်းစွာနေတတ်လွန်းတဲ့ ဖြူဖြူထွေးကိုတော့ ချစ်တဲ့သူတွေရော၊ မုန်းတဲ့သူတွေ ပါရှိနေတာပဲဖြစ်ပါတယ် ။ မိုမိုလေးချစ်ပရိသတ်ကြီးလည်း ချစ်သူခင်သူတွေပေါများကြပါစေလို့ တောင်းဆုပြုလိုက်ပါတယ်နော်။

Myint Myat
Source:Phyu Phyu Htwe FB

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။