တေလာဆွစ်ဖ်ရဲ့ Music Video အသစ်ထဲက စိတ်ဝင်စားစရာ လျှို့ ဝှက်ချက်များ

Posted on - Jan 12 []

မြတ် သူ

စာရေးသူ

တေလာဆွစ်ဖ်ဟာ ဘယ် Music Video ကို ရိုက်ရိုက် ရည်ရွယ်ချက်ရှိရှိနဲ့ ရိုက်ကူးခဲ့တာချည်းပါပဲ။ အဲ့ဒါကြောင့် အခုနောက်ဆုံးထွက်ရှိထားတဲ့ တေလာရဲ့ End Game MV မှာလည်း ပရိသတ်တွေ စိတ်ဝင်စားစရာ လျှို့ ဝှက်ချက်တွေပါဝင်နေတာ သိပ်တော့မထူးဆန်းတော့ပါဘူး။ 2017 ခုနှစ်ရဲ့ ရောင်းအားအကောင်းဆုံး Album ဖြစ်တဲ့ တေလာရဲ့ Reputation Album ထဲမှာ Single အဖြစ် သီချင်း(၃) ပုဒ် ထွက်ရှိခဲ့ပြီးပါပြီ။

ပထမဆုံး Single ဖြစ်တဲ့ Look What You Made Me Do Music Video မှာတည်းက မြှုပ်ကွက်ပေါင်းများစွာနဲ့ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပြီး Vevo ရဲ့ 24-Hour Views Record ကို ကြည့်ရှုသူပေါင်း သန်း(၄၀)ကျော်နဲ့ စံချိန်ချိုးခဲ့တာဖြစ်ပါတယ်။

Reputation Album ရဲ့ ဒုတိယမြောက် Single ဖြစ်တဲ့ Ready For It MV မှာလည်း လျှို့ ဝှက်ချက်ပေါင်းများစွာနဲ့ ရိုက်ကူးထားတာကို ပရိသတ်တစ်ချို့ က ဖော်ထုတ်ခဲ့ကြပါသေးတယ်။

ယခု တတိယမြောက် Single ဖြစ်တဲ့ End Game MV မှာလည်း ပရိသတ်တွေ သတိမထားမိသေးတဲ့ လျှို့ ဝှက်ချက်တွေအများကြီး ရှိနေပါတယ်။ MV ထဲက Tokyo Scene မှာ တေလာလမ်းလျှောက်လာတော့ အပေါ်က ဂျပန်စာနဲ့ ရေးထားတဲ့ Sign Board တွေဟာ End Game သီချင်းထဲက စာသားတစ်ချို့ ကို ရေးသားထားတာဖြစ်ပါတယ်။

Future နဲ့ အတူ ကားစီးနေတဲ့ အခန်းမှာလည်း ကားရဲ့ နောက်မှာ တေလာရဲ့ Favourite Number ဖြစ်တဲ့ 13 ကိုလည်း ထည့်ရိုက်ထားတာတွေ့ ရပါတယ်။

ပရိသတ်တွေသာ သေချာအသေးစိတ်ကြည့်လိုက်မယ်ဆိုရင် တေလာတစ်ယောက် မြွေဂိမ်းကစားနေတဲ့ အခန်းမှာလည်း အပေါ်မှာ 1-3 ဆိုပြီး 13 ကို ရည်ရွှယ်ပြီးထည့်ထားတာကိုလည်း တွေ့ ရပြန်ပါတယ်။

Wildest Dreams MV ထဲက တေလာနဲ့ End Game ထဲက တေလာ

တစ်ချို့ အခန်းတွေမှာလည်း တေလာ့ရဲ့ အရင် MV တွေထဲက Scene တွေနဲ့ တူအောင်ရိုက်ကူးထားတာကို တွေ့ ရပြန်ပါတယ်။ Old Taylor နဲ့ New Taylor ကို နှိုင်းယှဉ်ရိုက်ပြထားတယ်လို့ ယူဆရပါတယ်။

Begin Again MV ထဲက တေလာနဲ့ End Game ထဲက တေလာ

Bad Blood MV ထဲက တေလာနဲ့ End Game ထဲက တေလာ

22 MV ထဲက တေလာနဲ့ End Game ထဲက တေလာ

ဒါ့အပြင် တေလာရဲ့ BFF တစ်ယောက်ဖြစ်တဲ့ Ed Sheeran နဲ့ ဘယ်တော့မှ ကျောခိုင်းမသွားမဲ့ Friendship ကိုလည်း သိသာထင်ရှားစွာရိုက်ပြထားတာကိုလည်း တွေ့ ရပါတယ်။ How Lovely They Are!

တေလာရဲ့ Music Video တိုင်းလိုလိုမှာ ကြောင်လေးတစ်ကောင်အမြဲပါနေတတ်ပါတယ်။ တေလာဟာ သူမအချစ်တော် Olivia နဲ့ Meredith ဆိုတဲ့ ကြောင်လေး(၂)ကောင်နဲ့ ပတ်သက်ပြီး ထည့်သွင်းရိုက်ကူးထားတာဖြစ်မယ်လို့ ယူဆရပါတယ်။

တေလာသောက်နေတဲ့ အအေးဘူးမှာပါတဲ့ ဂျပန်စာက အင်္ဂလိပ်လိုဆိုရင် End Game လို့ အဓိပ္ပာယ်ရပြီး ဘူးမှာပါတဲ့ အစက်အပြောက်လေးတွေကလည်း 13 ခုဖြစ်ပါတယ်။

ရေဒီယိုဟလည်း Channel (13) ကို ဖွင့်ပြထားတာကို တွေ့ ရပါတယ်။

တေလာကိုချစ်တဲ့ မိုမိုလေးပရိသတ်ကြီးရေ ... တေလာကတော့ ထုံးစံအတိုင်း တွေးစရာတွေအပြည့်နဲ့ Music Video အလန်းစားတစ်ပုဒ်ကို ရိုက်ကူးခဲ့ပြန်ပါပြီ။ အပေါ်မှာပြောပြခဲ့တဲ့ အချက်တွေအပြင် တစ်ခြားဘယ်လိုလျှို့ ဝှက်ချက်တွေရှိသေးလဲဆိုတာ တေလာရဲ့ End Game Music Video ကိုကြည့်ပြီး မိုမိုလေးပရိသတ်ကြီးက အဖြေရှာပေးပါဦးနော်။

Taylor Swift - End Game Music Video ft. Ed Sheeran, Future

Ref : Roomper
Myat Thu ( Momolay )

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။