ရုပ်ပြောင်းသွားလို့ ပရိသတ်တစ်ချို့ကတောင်မမှတ်မိတော့တဲ့ နန်းမြတ်ဖြိုးသင်း

Posted on - Jan 12 []

Myint Myat

စာရေးသူ

ချစ်သူသက်တမ်း (၉)နှစ်ရှိပြီဖြစ်တဲ့ချစ်သူနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ၂၆ရက်နေ့ကလက်ထပ်ခဲ့တဲ့ သရုပ်ဆောင်မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းကတော့ အနုပညာလှုပ်ရှားမှုလေးတွေဆက်တိုက်လုပ်နေတာပါ။သရုပ်ဆောင်ပိုင်းမှာသာမက အဘက်ဘက်ကထူးချွန်တာကြောင့် ပရိသတ်ရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားသူတစ်ဦးပဲဖြစ်ပါတယ်။လတ်တလောမှာတော့ လင်ကြောက်ရွာဇတ်ကားမှာ ဇေရဲထက်နဲ့တွဲဖက်သရုပ်ဆောင်ထားပြီး သူမတင်ထားတဲ့ပုံတစ်ချို့အောက်မှာတော့ ပရိသတ်တစ်ချို့က မမှတ်မိကြဘူးလို့ရေးသားထားကြတာပါ။

မျက်နှာအစိတ်အပိုင်းတစ်ခု ပြုပြင်ပြောင်းလဲမှုလုပ်ထားတဲ့တစ်ခုခုလုပ်ထားတဲ့နန်းမြတ်လေးကိုတော့သူမရဲ့ပရိသတ်တွေက ဘယ်လိုနေနေချစ်နေကြတာပါ။ဘာပဲဖြစ်ဖြစ် ပင်ကိုချစ်စရာကောင်းတဲ့နန်းမြတ်လေးကတော့ လှမြဲလှနေဆဲပါပဲနော်ပရိသတ်ကြီးရေ။နန်းမြတ်ကတော့ အခုလက်ရှိ အနုပညာအလုပ်တွေဆက်တိုက်လုပ်နေတာမို့သူမကိုချစ်တဲ့ပရိသတ်ကြီးတွေလည်းကျေနပ်ကြမှာပါ။

နွေးထွေးမှု၊ နားလည်မှု၊ ချစ်ခြင်းမေတ္တာတို့နဲ့တည်ဆောက်ထားတဲ့ နန်းမြတ်ဖြိုးသင်းတို့ရဲ့အိမ်ထောင်ရေးကတော့ကြည်နူးဖွယ်ကောင်းလှပါတယ်။နန်းမြတ်ကိုချစ်ကြတဲ့ ချစ်ပရိသတ်ကြီးတွေလဲ ရှေ့ဆက်ပြီးလည်းသာယာပျော်ရွှင်စေဖို့ ဆုမွန်ကောင်းတောင်းပေးကြပါဦးနော်။မိုမိုလေးချစ်ပရိသတ်ကြီးလည်း ပျော်ရွှင်ချမ်းမြေ့တဲ့နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။

Myint Myat
Source: Nan Myat Phyo Thin FB

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။