ယာဉ်တိုက်မှုကြောင့် ဆုံးပါးသွားတဲ့ ကိုရီးယားဘောလုံးအကျော်အမော် ပတ်ဂျီဆန်ရဲ့မိခင်

Posted on - Jan 12 []

Myatsu Nyein

စာရေးသူ

မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ကိုရီးယား ပရော်ဖက်ရှင်နယ် ဘောလုံးအကျော်အမော် ပတ်ဂျီဆန်ရဲ့မိခင်ဟာ ဇန်န၀ါရီ ၁၂ ရက်မှာ ယာဉ်တိုက်မှုဖြစ်ပွားပြီး အသက်ဆုံးပါးသွားခဲ့ပါတယ်။

ဇန်နဝါရီ ၁၂ ရက်မှာ ပတ်ဂျီဆန်ရဲ့မိခင် Jang Myung Ja ဟာ ဗြိတိန်နိုင်ငံမှာ ယာဉ်တိုက်မှုဖြစ်ပွားရာမှာ ပါဝင်ခဲ့ပြီး ဆေးရုံကို ချက်ခြင်းပို့ဆောင်ခဲ့ပေမယ့် ဆေးရုံရောက်ပြီး မကြာခင်မှာပဲ ဆုံးပါးသွားခဲ့ပါတယ်။

အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ ပတ်ဂျီဆန်ဟာ သူ့မိသားစုမှာ တစ်ဦးတည်းသော သားယောက်ျားလေးလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကိုရီးယားဘောလုံးအဖွဲ့ချုပ်ရဲ့ လူငယ်ဌာနမှာ ဒါရိုက်တာအဖြစ်လုပ်ကိုင်နေပြီး 2018 Pyeonchang ဆောင်းရာသီအိုလံပစ်အတွက်လည်း သံတမန်အဖြစ် ခန့်အပ်ခြင်းခံထားရသူ ဖြစ်ပါတယ်။

သူဟာ အင်္ဂလန် ပရီးမီးယားလိဂ်မှ နာမည်ကြီး ကလပ်အသင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ambassador လည်း ဖြစ်ပါတယ်။

ပတ်ဂျီဆန်ရဲ့ မိခင်အတွက် တကယ့်ကို စိတ်မကောင်းဖြစ်မိပါတယ်။ ကောင်းရာသုဂတိလားပါစေ။

Myat Su Nyein
Ref : allkpop

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။