Shinee အဖွဲ့ဝင် မင်ဟိုနဲ့ ရုပ်ချင်းဆင်တဲ့ အဆိုတော် အာဒမ်ဦး

Posted on - Jan 12 []

Kyu Kyue Ko

စာရေးသူ

Kpop idol မင်ဟို နဲ့ တော်တော်လေးကို ရုပ်ချင်းဆင်တဲ့ မြန်မာနိုင်ငံမှ အဆိုတော် အာဒံဦးဟာ မိန်းကလေးတွေပါးစပ်ဖျားမှာ ရေပန်းစားနေသူတစ်ယောက်ပါ။ သူဟာ ၂၀၁၄ခုနှစ်တုန်းက အသက် ၁၇နှစ်အရွယ်ဖြစ်ပြီး တုန်းက စကာ မော်ဒယ်ပြိုင်ပွဲတွေဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းလဲ ပြိုင်ပွဲတွေဆက်တိုက်ယှဉ်ပြိုင်ခဲ့ကာ မဂ္ဂဇင်းတွေမှာလဲပါဝင်လာခဲ့ပါတယ်။ သူ့ရဲ့နာမည် အရင်းကတော့ ဟိန်းဦးလွင် ပါတဲ့။

သူဟာ အနုပညာအလုပ်တွေကို အသက်၁၉အရွယ်မှာတော့ စတင်အခြေချလျှောက်လှမ်းခဲ့တာဖြစ်ပြီး အိမ်မက်ဆုံရာ ရာသက်ပန် သီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေ တော်တော်များများ နဲ့ရင်းနှီးလာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် Galaxy Star သီချင်းဆိုပြိုင်ပွဲမှာလဲ ပါဝင်ယှဉ်ပြိုင်ခဲ့ ပါတယ်။ အဲ့ဒီနောက်မှာ ပရိသတ်အများစုက သိရှိလာခဲ့ပြီး သူ့ကိုအားပေး လက်ခံလာကြတာ ဖြစ်တယ်လို့လဲ သိရပါတယ်။

မင်ဟို

သူဟာ JBJ Entertainment က Producer ပြုလုပ်ပေးထာပြီး Love ဆိုတဲ့ Single Albumလေးကို ကိုရီးယားနိုင်ငံမှာ အဲ့ဒီကပညာရှင်တွေနဲ့အတူ ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး ပရိသတ်တွေဆီကို သူ့ရဲ့ ဖေ့ဘုတ် page ကနေ ဖြန့်ဝေထားပါတယ်။ ပရိသတ်အချစ်တော် မင်ဟို နဲ့ တူတဲ့ အာဒမ်ဦးလေးရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်တယ်။

အာဒမ်ဦးရဲ့ ပရိသတ်ကြီးရေ Like & Share လေးလုပ်ပေးလိုက်ပါဦး။ မိုမိုချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

KKK(momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။