သစ္စာမရှိသူကိုမှ ချစ်တဲ့ Cardi B

Posted on - Jan 12 []

Mg Aung Kaung Zan

စာရေးသူ

Cardi B က သူ့ရဲ့ relationship နဲ့ ပတ်သက်တဲ့ ဝေဖန်မှုတွေကို ဂရုမစိုက်ပါဘူး။ သူ့ချစ်သူ Offset ရဲ့ ညစ်ညမ်းဗီဒီယို တွေ တက်လာပြီးနောက်မှာ ပရိသတ်တွေက Cardi ကို သစ္စာမရှိသူ နဲ့ မတွဲအောင် ဖိအားပေး ဝေဖန်နေတာပါ။ အဲ့လို ပရိသတ်တွေ ဝေဖန်ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီးတော့ Cardi က တွစ်တာမှာ ပေါက်ကွဲခဲ့ပါတယ်။

"ခွေးကောင်တွေ ငါ့ကို ပြောတာတွေ ရပ်ပါ။ ငါဖာငါ ကိုယ့်ကိုယ်ကို မချစ်ချစ် ဒါမှမဟုတ် မရေရာဘဲနေနေ ပါ။ ခွေးတွေ ငါက လှတယ်၊ တော်တယ် ဆိုတာ ငါသိတယ်။ ငါလိုချင်တဲ့ ယောကျာင်္း ရတယ်။ doctor လား။ မင်းသားလား။ ဘောလုံးသမားလား။ အိမ်ရှေ့စံ လား။ ရတယ်လေ။ ငါ့နှလုံးသားက ချစ်တဲ့သူပဲ ယူမှာဟ။" လို့ Cardi က တွစ်တာမှာ Jan. 11 က ရေးပြီး ဝေဖန်တဲ့သူတွေကို ပြောခဲ့ပါတယ်။

Cardi က အဲ့လို အသုံးအနှုန်း ကြမ်းတွေကို သုံးခဲ့တာ သူ့ကိုယ်သူ ကာကွယ်ဖို့သာဖြစ်ပြီး နစ်နာစေလိုတဲ့ စိတ်မရှိပါဘူး။ ဖန်တွေကလည်း Cardi ချစ်သူ Offset ရဲ့ ညစ်ညမ်းဗီဒီယိုတွေကြောင့်သာ ပြင်းပြင်းထန်ထန်ဝေဖန်နေတာ ဖြစ်ပါတယ်။ အဲ့လို ပြင်းထန်တဲ့ ဝေဖန်မှုတွေ လုပ်နေတဲ့ သူတွေကို Cardi B က Jan. 10 ရက်က အင်စတာဂရမ်ပေါ်မှာလည်း ကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ ပစ်ပေါက် ပြောဆိုခဲ့ပါတယ်။

"ငါ့ကွန်မန့်ထဲမှာ လာပြီး သောင်းကြမ်းနေတဲ့ အကောင် အစုတ်ပလုတ်တွေ နဲ့ club ထဲမှာ ဟစ်အော်နေတဲ့ ခွေးတွေ နင်တို့ အဲ့ကောင်ကို သွားပြီး လုပ်ကြ။" လို့ ရိုင်းစိုင်းတဲ့ အသုံးအနှုန်းတွေ သုံးခဲ့ပါတယ်။

Ref : hollywoodlife
Zan(Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။