Taylor Swift ဆိုတာကို မေ့ပျောက်သွားစေမဲ့ Taylor Swift ရဲ့ Music Video အသစ်

Posted on - Jan 12 []

မြတ် သူ

စာရေးသူ

ပရိသတ်တော်တော်များများ စောင့်မျှော်နေကြတဲ့ အဆိုတော် Taylor Swift ရဲ့ End Game Music Video ထွက်ရှိလာခဲ့ပါပြီ။ End Game သီချင်းဟာ တေလာရဲ့ Reputation Album ထဲက တတိယမြောက် Single ဖြစ်ပြီး Ed Sheeran နဲ့ ရက်(ပ်) အဆိုတော် Future တို့ Featuring အနေနဲ့ ပါဝင်သီဆိုပေးထားတာဖြစ်ပါတယ်။ End Game ဟာ Music Video မထွက်ရှိလာသေးခင်တည်းက ရောင်းအားကောင်းပြီး Chart တွေ တော်တော်များများမှာ နေရာကောင်းကို ရောက်ရှိထားတဲ့ သီချင်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။

တေလာရဲ့ ထုံးစံအတိုင်း End Game MV ကို Effect အလန်းစားတွေ၊ မြှုပ်ကွက်တွေနဲ့ စနစ်ကျကျ ရိုက်ကူးထားတာတွေ့ ရပါတယ်။ အထင်ကရမြို့ ကြီးတွေဖြစ်တဲ့ Miami, Tokyo, London မြို့ ကြီး (၃) မြို့ မှာ Budget အမြောက်အမြားအကုန်အကျခံပြီး သွားရောက်ရိုက်ကူးထားတာဖြစ်ပါတယ်။

လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ တေလာရဲ့ Look What You Made Me Do MV ထဲမှာ တေလာပြောခဲ့သလိုပဲ Old Taylor ဟာ တစ်ကယ်ပဲ သေဆုံးသွားခဲ့ပါပြီ။ အကြောင်းအရင်းကတော့ အခု End Game MV ထဲမှာ တေလာ့ကို တစ်ခါမှမမြင်ဖူးသေတဲ့ ဖက်ရှင်အလန်းစားတွေနဲ့ တွေ့ မြင်ရတာကြောင့်ပါ။ မြွေအရေခွံကိုယ်ကျပ်အင်္ကျီနဲ့ တေလာကိုတွေ့ ရတာ တစ်ကယ့်ကို တစ်ခြား Taylor Swift တစ်ယောက်ကို တွေ့ မြင်ရသလိုပါပဲ။

တေလာရဲ့ Reputation Album ထဲက အသစ်ထွက်ရှိဦးမဲ့ Music Video တွေ ၊ မကြာခင်မှာ လှည့်လည်ဖျော်ဖြေတော့မဲ့ Reputation Stadium Tour ရဲ့ အောင်မြင်မှုတွေကြောင့် 2018 ခုနှစ်ကလည်း တေလာရဲ့ နှစ်တစ်နှစ်ဖြစ်ဦးမယ်လို့ ယူဆလို့ ရနေပါပြီ။ တေလာကို ချစ်ကြတဲ့ မိုမိုလေး ပရိသတ်ကြီးရေ ... အလန်းစားရိုက်ချက်တွေနဲ့ ရိုက်ကူးထားတဲ့ တေလာ့ရဲ့ End Game Music Video ကို အောက်မှာ ၀င်ကြည့်ကြဖို့ မမေ့နဲ့ နော်။

Taylor Swift - End Game Music Video ft. Ed Sheeran, Future

Myat Thu ( Momolay )

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။