Song Jihyo ကိုဘာကြောင့် Running Man ရဲ့ Ace လို့ခေါ်ကြတာလဲ။

Posted on - Jan 12 []

Theingi Kyaw

စာရေးသူ

Song Jihyo ကိုဘာကြောင့် Running Man ရဲ့ Ace လို့ခေါ်ကြသလဲဆိုတဲ့အကြောင်းအရာက ရိုးရှင်းပါတယ်။ သူမ က အရာရာကို “လုပ်နိုင်စွမ်း တတ်နိုင်စွမ်း” ရှိပါတယ်။ သူမဟာ အနုပညာလောကမှာလျှောက်လှမ်းလာတဲ့ ၀ါရင့်အနုပညာရှင်ပီပီ သရုပ်ဆောင်ခြင်းအတတ်ပညာမှ စတင်ကာ Running Man အစီအစဉ်က အမျိုးမျိုးသော ဖျော်ဖြေတင်ဆက်မှုတွေအထိ သူမကျွမ်းကျင်ပါတယ်။ ဒါကြောင့်ယခုတဖန်မှာဆိုရင် သူမဟာ ချောမောလှပရုံမျှမက ဘာကြောင့်အရမ်း မိုက်နေရသလဲဆိုတာကိုဖော်ပြဖို့ momolay မှ သူမရဲ့အကြောင်း ၁၀ချက်ကိုရွေးချယ်တင်ဆက်လိုက်ပါတယ်။

1. Running Man ထဲမှာပါတဲ့တစ်ဦးတည်းသော မိန်းကလေးအဖွဲ့ဝင်ဖြစ်ပေမယ့် သူမဟာ ယောကျာ်းသားတွေနဲ့အမြဲလိုလိုယှဉ်ပြိုင်နိုင်ပါတယ်။

၂။ သူမဟာအရမ်းသတ္တိရှိပါတယ်။ (ပိုးကောင်ကြောက်တတ်တာကလွဲလို့ပါ)

၃။ သူမဟာ ရုတ်တရက်ဆိုသလို ကြောက်ဖို့ကောင်းလောက်တဲ့ Fighter တစ်ယောက်လည်းဖြစ်သွားနိုင်ပါတယ်။

၎။ ပြီးတော့ သူမကို အလှဘုရင်မတစ်ဦးလို့ပြောရင်လည်း မမှားပါဘူး။

၅။ သူမဟာ အက်ရှင်အခန်းတွေသရုပ်ဆောင်တဲ့အခါ အံ့အားသင့်စရာကောင်းပြီး သရုပ်ဆောင်မှုအတတ်ပညာမှာအပြည့်အ၀ အာရုံစိုက်ထားတဲ့အကြောင်းကိုလည်းတွေ့နိုင်ပါတယ်။

Jackal is coming

၆. Goong ဆိုတဲ့ဇာတ်ကားထဲမှာ ဘဲလေးအကပညာရှင်အနေနဲ့လည်းသရုပ်ဆောင်ခဲ့ပါသေးတယ်။ တကယ်ကိုဘက်စုံတော်တာနော်။

၇။ ဒါမှမဟုတ် Frozen Flower လိုမျိုး နန်တွင်းပုံစံနဲ့သရုပ်ဆောင်မလား..။ ဒါလည်း သူမ ကျွမ်းကျွမ်းကျင်ကျင် သရုပ်ဆောင်နိုင်တာပဲ။

၈။ အိပ်ရာက နိုးလာစ မျက်နှာပြောင်နဲ့ ကင်မရာရှေ့မှာ သူမရဲ့မိတ်ကပ်မပါတဲ့ရုပ်ရည်ကို ရုပ်သံကြည့်ရှုသူတွေကိုပြဖို့လည်း သူမ ၀န်မလေးပါဘူး။

၉။ သူမဟာ တကယ်ချစ်ဖို့ကောင်းလောက်အောင် ဟာသတွေလည်းလုပ်တတ်ပါသေးတယ်။

၁၀။ သူမဟာ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်သက်ရှိနဲ့မဆို သူငယ်ချင်းဖြစ်နိုင်စွမ်းရှိပါတယ်။

၁၁။ ကြည့်ရတာ သူမနဲ့အလုပ်လုပ်တဲ့သူမှန်သမျှ အရမ်းကိုစိတ်ချမ်းသာပြီးပျော်ရတဲ့ပုံပါပဲ။

ပြောရမယ်ဆိုရင်တော့သူမဟာ ချစ်ဖို့ကောင်းပြီးရင့်ကျက်တဲ့ မိန်းမဆိုး (badass) လေး ၁ယောက်ပါပဲ။ Momolay ပရိတ်သတ်ကြီးကော သူ့ကိုဘယ်လိုမြင်ကြလဲ။

Gi Gi (momolay)
Ref : Wattpad

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။