၂၀၁၈ မှာလက်ထပ်ကြတော့မယ့် ဆယ်လီတွေ

Posted on - Jan 12 []

Moon Moon

စာရေးသူ

မိုမိုလေးပရိသတ်ကြီးရေ အခု ၂၀၁၈ ခုနှစ်ထဲမှာတော့ မင်းသားဟယ်ရီနဲ့ မက်ဂန်မာဂယ်တို့စုံတွဲ၊ Joe Jonas နဲ့ Sophie Turner တို့စုံတွဲတွေအပါအ၀င် ဆယ်လီစုံတွဲ ၁၉ တွဲတောင် လက်ထပ်ကြတော့မယ်လို့ ဆိုပါတယ်။ စေ့စပ်ထားပြီးတဲ့သူတို့စုံတွဲတွေကတော့ ဒီနှစ်ထဲမှာလက်ထပ်ကြဖို့ကို ကြိုးပမ်းနေကြပါပြီ။ ဘယ်သူတွေများဖြစ်မလဲနော်။

Meghan Markle & Prince Harry

သူတို့နှစ်ဦးကတော့ လာမယ့်မေလ ၁၉ ရက်နေ့မှာ မင်္ဂလာပွဲဆင်နွှဲကြတော့မှာနော်။ တော်ဝင်မင်္ဂလာပွဲအခမ်းအနားနဲ့အတူ ကြီးကျယ်ခမ်းနားစွာမင်္ဂလာဆောင်ကြတော့မယ့်သူနှစ်ဦးပါ။

Mandy Moore & Taylor Goldsmith

သူတို့နှစ်ဦးကတော့ မင်္ဂလာရက်ကိုအတိအကျမသိရသေးပေမယ့် စက်တင်ဘာလထဲလောက်မှာ လက်ထပ်ကြဖို့များတယ်လို့ ဆိုပါတယ်။

Kit Harington & Rose Leslie

နောက်အကျဆုံးအနေနဲ့ မင်္ဂလာပွဲကို စက်တင်ဘာလလို့ခန့်မှန်းထားပြီး လက်ရှိမှာတော့ ပြင်ဆင်မှုတွေပြုလုပ်နေပါပြီ။ သူတို့နှစ်ဦးကလည်း စေ့စပ်လက်စွပ်တွေလဲလှယ်ပြီးသွားပြီဖြစ်ပြီး စေ့စပ်သတင်းကိုလည်း ပြည်တွင်းသတင်းတွေမှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

Joe Jonas & Sophie Turner

နာမည်ကျော်စုံတွဲတစ်တွဲဖြစ်တဲ့ Joe Jonas & Sophie Turner တို့ကလည်း အောက်တိုဘာလပိုင်းလောက်မှာ လက်ထပ်ဖြစ်ကြမှာပါတဲ့။

Kaley Cuoco & Karl Cook

ဒီစုံတွဲကတော့ ဒီဇင်ဘာလထဲက စေ့စပ်လိုက်ကြတာဖြစ်ပြီး မင်္ဂလာပွဲအတွက်စီစဉ်နေပါပြီလို့ ဆိုပါတယ်။ လက်ရှိမှာတော့ သူတို့တွေဟာ မင်္ဂလာပွဲအတွက် အကြိုရိုက်ကူးရေးတွေကိုတောင် ဆောင်ရွက်ပြီးနေပါပြီတဲ့။

Ricky Martin & Jwan Yosef

သူတို့နှစ်ဦးက ၂၀၁၆ ကတည်းက စေ့စပ်ထားကြတာပါ။ အခုနှစ်ထဲမှာတော့ လက်ထပ်ကြတော့မယ်ဆိုသတင်းတွေထွက်နေသလို လက်ရှိမှာတော့ နှစ်ဦးသား တိတ်တိတ်ကလေးလက်ထပ်ပြီးကြပြီလို့လည်း သတင်းတွေထွက်ပေါ်နေပါသေးတယ်။

Cardi B & Offset

နာမည်ကျော်ဒီစုံတွဲကလည်း အခုနှစ်ထဲမှာ လက်ထပ်ကြမယ့်စုံတွဲတစ်တွဲပါတဲ့လေ။

Paris Hilton & Chris Zylka

သူတို့တွေကတော့ မကြာသေးမီကမှ စေ့စပ်လိုက်ကြတာဖြစ်ပြီး ဒီနှစ် နိုဝင်ဘာလထဲမှာ မင်္ဂလာဆောင်ကြဖို့ စဉ်းစားထားပါတယ်တဲ့။

John Stamos & Caitlin McHugh

သူတို့တွေကတော့ ပြီးခဲ့တဲ့အောက်တိုဘာက သူတို့ရဲ့စေ့စပ်သတင်းကို တရားဝင်ကြေညာခဲ့တာပါ။ ဒီနှစ်ထဲမှာ လက်ထပ်ကြမယ့်စုံတွဲစာရင်းမှာလည်း သူတို့နှစ်ဦးပါဝင်နေသေးတာပါ။

Janel Parrish & Chris Long

သူတို့နှစ်ဦးကလည်း ဒီနှစ်ထဲမှာ လက်ထပ်နိုင်ကြဖို့ စီစဉ်နေကြပါပြီတဲ့။

Caroline Wozniacki & David Lee

နာမည်ကျော်တန်းနစ်ကစားသမားနဲ့ ချစ်သူတို့နှစ်ဦးကလည်း စေ့စပ်ထားပြီဖြစ်ပြီး ဒီနှစ်ထဲမှာ လက်ထပ်ကြတော့မယ့်သူတွေလို့ ဆိုပါတယ်။

Chanel Iman & Sterling Shepard

နောက်ထပ်တစ်တွဲကတော့ Chanel Iman & Sterling Shepard တို့နှစ်ဦးပါတဲ့။

Miley Cyrus & Liam Hemsworth

ချစ်သက်တမ်းကြာမြင့်နေပြီဖြစ်တဲ့ သူတို့နှစ်ဦးကလည်း ပြဿနာအမျိုးမျိုးကို ရင်ဆိုင်လာခဲ့ကြရင်း ဒီနှစ်ထဲမှာတော့ လက်ထပ်ကြတော့မယ်လို့ ဆိုပါတယ်။

Ashley Greene & Paul Khoury

၂၀၁၆ ကတည်းကစေ့စပ်ထားပြီးတဲ့ သူတို့နှစ်ဦးကလည်း ဒီနှစ်ထဲမှာ လက်ထပ်ကြတော့မှာပါ။

Brie Larson & Alex Greenwald

သူတို့နှစ်ဦးကလည်း ၂၀၁၆ ကတည်းက စေ့စပ်ပြီးသားစုံတွဲပါ။ ဒီနှစ်ထဲမှာမှ လက်ထပ်ကြမှာပါတဲ့။

Rosie Huntington-Whiteley & Jason Statham

တွဲနေခဲ့တာကြာနေပြီဖြစ်တဲ့ ဒီစုံတွဲကတော့ ကလေးလေးလည်းရနေပြီဆိုမှ လက်ထပ်တော့မယ်တဲ့နော်။

Nikki Bella & John Cena

ဒီစုံတွဲကလည်း မင်္ဂလာပွဲအတွက် အစစစီစဉ်နေပြီလို့ ဆိုပါတယ်။

Ryan Lochte & Kayla Rae Reid

ကလေးရှိပြီးမှ လက်ထပ်တော့မယ်ဆိုတဲ့ နောက်ထပ်စုံတစ်တွဲပေါ့။

Kirsten Dunst & Jesse Plemons

ဒီစုံတွဲရဲ့ မင်္ဂလာရက်ကတော့ မကြာတော့ဘူးလို့ဆိုပါတယ်။ မိုမိုလေးပရိသတ်ကြီးရေ ယူမယ့်သူတွေကတော့ ယူကြတော့မယ်နော်။ ဒီအကျော်အမော်တွေကတော့ စီစဉ်ခဲ့တာတွေလည်း ကြာခဲ့ပြီးတဲ့သူတွေများပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ ဒီ ၂၀၁၈ ထဲမှာတော့ အဆင်ဆင်ပြေပြေနဲ့ လက်ထပ်ပွဲဆင်နွှဲနိုင်ကြပါစေနော်။

ref:BRIDES
#HM

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။