အိန္ဒိယရဲ့အချောဆုံး ၁၀ ဦးစာရင်းဝင် မင်းသမီးလေးပေါ့

Posted on - Jan 12 []

Moon Moon

စာရေးသူ

မိုမိုလေးပရိသတ်ကြီး သီတာမင်းသမီးလေး Madirakshi Mundle က အိန္ဒိယသရုပ်ဆောင်မင်းသမီးတွေအနက် အချောဆုံး ၁၀ ဦးစာရင်းဝင်မင်းသမီးလေးတစ်ဦးလို့ဆိုပါတယ်။ သူမရဲ့စွဲဆောင်မှုအရှိကတော့ အပြုံးပါတဲ့။ Madirakshi Mundle ကမင်းသမီးတွေအားလုံးထဲမှာ အပြုံးနဲ့စွဲဆောင်သိမ်းပိုက်နိုင်ဆုံးသူတစ်ဦးလို့လည်း သူမကိုတင်စားဖော်ပြကြပါတယ်။ အသက် ၂၀ ကျော်တယ်ဆိုရုံလေး သူမက အနုပညာလောကထဲကို ခြေလှမ်းတာမကြာသေးဘူးဆိုပေမယ့် အခုအချိန်မှာ အောင်မြင်မှုတွေကို တစ်ပွေ့တစ်ပိုက်ဖမ်းဆုပ်ထားနိုင်သူတစ်ဦးဖြစ်တယ်လို့ ပြောကြပါတယ်။

သူမရဲ့ အပြုံးချိုချိုနဲ့ လှပတဲ့ပုံရိပ်တွေကို ကြည့်ရအောင်နော်

သူမကတော့ အိန္ဒိယသရုပ်ဆောင်လောကမှာ အပြစ်ရှာမရအောင် ဖြူစင်လွန်းသူတစ်ဦးလို့လည်း ပြောပါတယ်။ တချို့အတင်းသမားတွေကတော့ သူမကဒီလောကထဲကို ၀င်ရောက်တာလည်းမကြာသေးသလို ငယ်ရွယ်တာကြောင့်လည်း သတင်းဆိုးတွေမရှိသေးတာပါလို့ ပြောဆိုနေကြပါတယ်။ ဒါပေမယ့်လည်း သူမကတော့ အလုပ်အတွက်ကိုသာအာရုံစိုက်ပြီး သူမရဲ့သရုပ်ဆောင်မှုတွေကို ပီပြင်ဖို့အတွက်သာ ဦးစားပေးနေသူပါလို့လည်း ပြောဆိုမှုတွေရှိနေပါသေးတယ်။

မိုမိုလေးပရိသတ်ကြီးရေ သီတာမင်းသမီးလေးရဲ့ လှပတဲ့ပြုံးအလှဓာတ်ပုံတွေကိုလည်း သိရှိခံစားပြီးပြီနော်။ အများကပြောတဲ့အတိုင်း သူမရဲ့စွဲဆောင်မှုအရှိဆုံးအရာက အပြုံးဆိုတာကို မိုမိုလေးပရိသတ်ကြီးကရော လက်ခံရဲ့လား။ ဘယ်လိုမြင်လဲဆိုတာ ပြောသွားခဲ့ပါဦးလားနော်။ သေချာကြည့်လေ သူမအပြုံးလေးတွေကို ချစ်လေဆိုရင်တော့ သူငယ်ချင်းတွေကို မန်းရှင်းခေါ်ပြီး ပြန် share သွားလိုက်ပါဦးနော်။

#HM

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။