ကော်တင်ဟိုရဲ့ အပြောင်းအရွှေ့အပေါ် နေမာရဲ့အမြင်

Posted on - Jan 12 []

Thar Lay Htet Aung

စာရေးသူ

ပီအက်စ်ဂျီ အသင်းရဲ့ တိုက်စစ်မှူး နေမာက သူ့ရဲ့အသင်းဟောင်း ဘာစီလိုနာကို ပြောင်းရွှေ့သွားခဲ့တဲ့ ဘရာဇီးအသင်းဖော် ကော်တင်ဟိုနဲ့ ပက်သက်ပြီး သူ့ရဲ့အမြင်ကို ဖွင့်ဟသွားခဲ့ပါတယ်။

ဘရာဇီး လက်ရွေးစင် တွေဖြစ်တဲ့ သူတို့၂ဦးဟာ ငယ်သူငယ်ချင်းတွေ ဖြစ်တဲ့အပြင် လက်ရှိဘောလုံးလောကရဲ့ ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစားသမား၂ဦးလဲ ဖြစ်ပါတယ်။

ကော်တင်ဟိုရဲ့ အပြောင်းအရွှေ့နဲ့ ပက်သက်ပြီး နေမာက “ကော်တင်ဟိုဟာ သူ့အတွက် အသင့်တော်ဆုံးနဲ့ အကောင်းဆုံးဖြစ်မယ့် အသင်းကို ရွေးချယ်သွားတာဖြစ်သလို ဘာစီလိုနာ အသင်းဟာလဲ အကောင်းဆုံး ကစားသမား တစ်ယောက်ကို ခေါ်ယူလိုက်နိုင်တာပါ။ ဘာစီလိုနာကို မပြောင်းရွှေ့ခင်တုန်းက သူကျွန်တော့ကို ဘာစီလိုနာ အကြောင်းတွေ အများကြီး မေးခဲ့ပါသေးတယ်။ ဘာစီလိုနာမှာ သူအစစအရာရာ အဆင်ပြေမယ်လို့ ကျွန်တော် ယုံကြည်တဲ့အပြင် သူလိုချင်တဲ့ အောင်မြင်မှုတွေလဲ ရမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

#ထက်အောင်

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။