စားသောက်ဆိုင်တစ်ဆိုင်လုံးမှာရှိတဲ့ စားသုံးသူတွေကို ကျွေးမွေးခဲ့တဲ့ IU

Posted on - Jan 11 []

Theingi Kyaw

စာရေးသူ

ဒီလိုမျိုးချစ်ဖို့ကောင်းတဲ့အကြောင်းအရာလေးက IU တစ်ယောက် 32ကြိမ်မြောက်ကျင်းပခဲ့တဲ့ Golden Disc Awards က the Digital Daesang ဆုကိုလက်ခံရရှိခဲ့ခြင်းမှအစပြုခဲ့ပါတယ်။

Januaryလ11ရက်မှာ “IU တစ်ယောက်ကျွန်မသူငယ်ချင်းကို ကျွေးမွေးဧည့်ခံခဲ့တယ်” ဆိုတဲ့ခေါင်းစဉ်နဲ့ ONLINE တခွင်ပြန့်နှံ့ခဲ့ပါတယ်။ မူလအကြောင်းအရာကိုလူမှုကွန်ယက်စာမျက်နှာပေါ်တင်ခဲ့သူက “ ကျွန်မသူငယ်ချင်းတစ်ယောက်က Seongsudong မှာရှိတဲ့ BBQ အကင်ဆိုင်ကိုသွားခဲ့ပါတယ်။ သူမက IU ရဲ့ဘေးနားမှာ နေရာရခဲ့ပါတယ်။ စားသောက်ဆိုင်ထဲမှာလည်း နောက်ထပ်အဖွဲ့၃ဖွဲ့လောက်စားသောက်နေခဲ့ပါတယ်။ နောက်တော့ IU တစ်ယောက်ရုတ်တရက်ဆိုသလို တစ်ဆိုင်လုံးမှာရှိတဲ့ စားသုံးသူတွေ စားသောက်သမျှကို သူရှင်းပေးခဲ့တယ်။ Daesang ဆုကိုလက်ခံရရှိခဲ့တဲ့အတွက်ကြောင့် အခုလိုကျွေးတာပါ။ " လို့ဆိုပါတယ်။ သူမကပဲ "အနုပညာရှင်တစ်ယောက်နဲ့တွေ့ဆုံရတယ်ဆိုတာ တကယ်ကိုပျော်ဖို့ကောင်းပါတယ်။ ဒါပေမယ့် ညစာဝယ်ကျွေးဖို့ဆိုတာကတော့…ကျွန်မတကယ်ကို မနာလိုဖြစ်မိပါတယ်" လို့ဆိုပါတယ်။သူမသူငယ်ချင်းနဲ့ IU ရဲ့ဓာတ်ပုံကိုလည်း လူမှုကွန်ယက်စာမျက်နှာပေါ်ဝေမျှခဲ့ပါသေးတယ်။

IU တစ်ယောက်ဟာဆိုရင် ဆုကိုလက်ခံခဲ့တုန်းကလည်း "ကျွန်မရဲ့အဖွဲ့ကိုကျေးဇူးတင်ပါတယ်။ ညနေစာသွားစားကြရအောင်" ဆိုပြီးလည်းပြောခဲ့ပါသေးတယ်။ ကြည့်ရတာတော့ သူမဟာ Daesang လို့ခေါ်တဲ့ အကြီးဆုံးဆုကို လက်ခံရရှိခဲ့တဲ့အတွက်ကြောင့် သူမရဲ့အဖွဲ့နဲ့အတူအောင်ပွဲခံနေတယ်နဲ့တူပါတယ်။ ယူပါတယ် IU ရေ။

Gi Gi (momolay)
Ref : Soompi

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။