ဟယ်ရီကိန်းရဲ့ တန်ကြေးကို သန်း၃၀၀မက သတ်မှတ်သင့်တယ် (မာရာဒိုနာ)

Posted on - Jan 12 []

Thar Lay Htet Aung

စာရေးသူ

စပါးအသင်းဟာ အဓိက,တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ အပြောင်းအရွှေ့ သတင်းတွေကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းကမှ သူတို့ကစားသမားရဲ့ တန်ကြေးကို ယူရိုသန်း၃၀၀အထိ သတ်မှတ်လိုက်ပါတယ်။ ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် စပိန်ထိပ်သီးကလပ် ရီးရဲမက်ဒရစ်က ကြိုးပမ်းနေတာကြောင် စပါးအသင်းဟာ ဟယ်ရီကိန်းရဲ့ တန်ကြေးကို အခုလို သတ်မှတ်လိုက်ရတာပါ။

ဒါပေမယ့်လဲ အာဂျင်တီးနား ဂန္တ၀င်တိုက်စစ်မှူးကြီး မာရာဒိုနာကတော့ စပါးအသင်းအနေနဲ့ ဘောလုံးလောကရဲ့ ငွေကြေးဖောင်းပွမှု တွေကြားမှာ ဟယ်ရီကိန်းရဲ့ တန်ကြေးကိုလဲ ယူရိုသန်း၃၀၀မက သတ်မှတ်သင့်တယ်လို့ သူ့ရဲ့အမြင်ကို ပြောကြားလိုက်ပါတယ်။

ဘောလုံးကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်တွေအရလဲ ဟယ်ရီကိန်းရဲ့ တန်ကြေးအတိုင်း ယူရိုသန်း၃၀၀ပေးပြီး ခေါ်ယူနိုင်တဲ့ အသင်းတွေက ၅သင်းလောက်ထိ ရှိနေတယ်လို့ သိရပါတယ်။ အဆိုပါ အသင်းတွေကတော့ ပြောင်းရွှေ့ကြေး မြင့်မားတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားတဲ့ ရီးရဲမက်ဒရစ်၊ ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ မန်စီးတီးနဲ့ ယူနိုက်တက်တို့ပဲ ဖြစ်ပါတယ်။

#ထက်အောင်

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။